Arc(6.3)

6.4K 835 18
                                    


"အဆင်ပြေရဲ့လား ''

"ငါ့ကို သေချာကြည့် ငါ့ပုံစံက အဆင်ပြေတဲ့ပုံစံပေါက်နေတာလား ''

လီကျင့်ရွှမ်က လုယွီယွမ် စကားကြောင့် ဇက်ကလေးပုကာ ငြိမ်သက်သွားသည် ။

ကြောက်လို့တော့မဟုတ်ပေမယ့် ကြောက်လို့ပါ ။

နေအုန်း ရှင်းပြမယ် လုယွီယွမ် ဒေါသထွက်တာကိုမကြောက်ပါဘူး ကြောက်ဖို့မှမကောင်းတာ ချစ်စရာလေးကို... ဒါပေမယ့် ယွီယွမ်က သူ့ကို မခင်နဲ့တော့ဆိုပြီး အရင်လို ခပ်တည်တည်နဲ့ ပြန်နေရင် သူဘယ်လိုလုပ်ရပါ့မလဲ ယွီယွမ် နဲ့ ခင်ဖို့ အရင်ကတည်းက ကြိုးစားခဲ့ရတာ  ကျွေးတဲ့အာလူးကြော်ကို စားနေတဲ့ ပုံစံလေးကြောင့်  အသည်းယားစရာကောင်းတဲ့ ဒီကောင်လေးက သူနဲ့   သူငယ်ချင်း ဆက်မလုပ်မှာကို စိုးရိမ်ကြောက်ရွံ့တာ ...နားလည်ပြီလား ။

ရှောင်းကျန့်က စဉ်းစားမိသည် ။ ရှဲ့လီဖုန်းကိုလည်း တနုံ့နုံ့နဲ့ ဒေါသထွက်နေတာ မပြီးသေးဘူး ။
လီကျင့်ရွှမ်က ဘာတွေအဆင်ပြေလား လာမေးနေတာလဲ ။

တစ်ဖက်တွင်လည်း ယွီရန်သည် ရှဲ့လီဖုန်း ကို ဖမ်းမမိ၍ စိတ်တိုနေရသည်။

တွေ့ဖို့ သူမက ရှာဖွေနေပေမယ့် လီဖုန်းက သူမကိုရှောင်တိမ်းနေသည်။

" လီဖုန်း ''

တွေ့မယ့်တွေ့တော့လည်း အားကစားခန်းမထဲမှာ ဖရိုဖရဲဖြစ်နေတဲ့ ပုံစံကြောင့် သူမ အနည်းငယ် စိုးထိတ်သွားသည်။

သူမခေါ်သံကြောင့် ကြည့်လာတဲ့ လီဖုန်းက တွေဝေပြီး ညိုးမှိုင်နေကာ တစ်ခုခုကို ဆုံးရှုံးရမှာ အကြီးအကျယ် ကြောက်ရွံ့နေပုံပေါ်သည်။

" လီဖုန်း ရှဲ့လီဖုန်း နင် သတိထားပါအုန်း ''

"ဟမ် ...''

" ငါပါ ငါ ယွီရန်လေ ''

"ယွီရန် ??? "

"အင်း ဟုတ်တယ် ''

"တောင်းပန်ပါတယ် ငါတကယ် တောင်းပန်ပါတယ် ငါ ယွီယွမ်ကို ချစ်မိနေပြီ ငါမင်းကို မချစ်နိုင်တော့ဘူး မင်းငါ့ကို ဖွင့်ပြောခဲ့တဲ့စကားကို ငါငြင်းပါရစေ ငါ ယွီယွမ်ကလွဲပြီး ဘယ်သူ့ကိုမှ မချစ်နိုင်လို့ပါ ''

Peculiarly System [Completed ]Where stories live. Discover now