Arc(7.1)KiKo

6.8K 691 19
                                    

ထိုင် ထ လုပ်လိုက်ရတဲ့ ကီကိုလေးက အခုတော့ ခြေကားယားလက်ကားယားနဲ့ ကြမ်းပြင်ပေါ်အနားယူနေသည်။

" ကီကို ထ အခုစာသင်မယ် ''

" ဆရာ ကီကိုပင်ပန်းနေပြီ နည်းနည်းတော့ နားခွင့်ပြုပါ နော် နော် နော် ဆရာ..''

" ခဏလေးပဲ ၅မိနစ်ပဲ နော် ''

" ဟုတ်ကဲ့ ''

ချွဲနေတဲ့ အသံချိုချိုလေးက ရှီဇုခုအတွက် လိုက်လျောပေးဖို့လုံလောက်သည်။

'ဒီကလေးကချစ်ဖို့ကောင်းလိုက်တာ '

" ဆရာ.. ဆရာ.. စာသင်မယ် စာသင်မယ် ပြီးရင် ကီကို မုန့်စားမယ်နော် ''

" ဟုတ်ပြီ ဒါဆို သင်္ချာစာအုပ်ထုတ်ပါ ''

" ဟုတ်ကဲ့ ဆရာ ''

အရင်နေ့တွေကလို မဟုတ်ဘဲ ဒီနေ့မှ သူ့အပေါ် အမျိုးမျိုးချွဲပြီး လိမ္မာပြနေသည့် ကီကိုလေး ကို ရှီဇုခုက သေချာ ကြည့်နေမိသည် ။

ရှောင်းကျန့်မှာ သူ့အား ခဏခဏ အကဲခတ်သလိုကြည့်နေသည့် ဆရာ့ကြောင့် အနေကျပ်လာတာမို့ ဇောချွေးတွေထွက်လာသည်။

" ကီကို အရမ်းပူနေတာလား ချွေးတွေလဲရွှဲလို့ ''

'ဆရာ့ကြောင့်ပေါ့ '

" ......... ''

" ကီကို နေမကောင်းဘူးလား ''

'ဆရာ့ကြောင့်ပါဆို '

"..........''

" ကီကို... ''

"ဆရာ့ကြောင့်ပေါ့ ဆရာ့ကြောင့်ပါဆိုနေ''

" ဟမ် ''

" ဟုတ်တယ် ဆရာက ကီကို့ကို ကြည့်နေတာကို..ကီကို ကြောက်တာပေါ့ ''

" အာ ဟုတ်လား ဆရာ မကြည့်တော့ဘူးနော် ဟုတ်ပြီလား ''

ရှီဇုခုက ပြုံးမိသွားသည် ။

ကလေးလေးက သူ့ကို ကြောက်တယ် ။

" ဆရာ သားလေးက လိမ္မာရဲ့လား ''

ဝင်လာတဲ့ ကီကို့အဖေက ရှီဇုခုအား ပြုံးပြရင်း မေးခွန်းထုတ်စကားစသည်။

" လိမ္မာပါတယ် မစ္စတာ ''

" ကဲ ဒါဆို သားလေးကို ဖေဖေဆုချသင့်တာပေါ့ ''

Peculiarly System [Completed ]Where stories live. Discover now