Arc(10.6)

2.7K 357 3
                                    

" အစ်ကို ၂.. မနေ့ညကမိစ္ဆာက သူမဟုတ်လား ''

ဟွမ်ကျောင်းကျောင်း၏ မေးခွန်းကြောင့် သောင်ချူယွဲ့၏ မျက်နှာမှာ အမည်မသိတဲ့ ပုံရိပ်တွေ ဖြတ်ပြေးသွားသလိုပင်။

" မှန်နေတာပဲ...အစ်ကို၂ သူကသာမန်ငှက်လည်းမဟုတ်ဘူး မိစ္ဆာငှက်..ကျွန်မတို့ဂိုဏ်းခေါင်းဆောင်ဖြစ်လာရင် ကျွန်မတို့အတွက် မတွေးရဲစရာပဲ ''

" ကျောင်းကျောင်း... ဘာလို့အရမ်းပူပန်နေရတာလဲ ..ကျန့်ကျန့်လေးက အစ်ကိုတို့အပေါ်ကို မကောင်းတဲ့မိစ္ဆာဆိုရင် ခေါင်းဆောင်အမှတ်အသားလည်း သူ့ဆီမှာ ရှိနေမှာမဟုတ်ဘူး..ပြီးတော့ သူက ကလေးလေးပဲရှိသေးတာ.. သူ့အစွမ်းတွေကို သူမှ မထိန်းချုပ်နိုင်သေးတာပဲ..ပြီးတော့ အစ်ကိုတို့က သူက ထိန်းကျောင်းပေးလို့ရ....''

" ဘယ်လို ???..အစ်ကို၂ ကျွန်မတို့က ခေါင်းဆောင်လိုအပ်နေတာနော်...ကျွန်မတို့ကို ထိန်းကျောင်းလမ်းပြပေးမယ့် ခေါင်းဆောင်.. ဘာတဲ့..ခေါင်းဆောင်ကို တပည့်တွေက ပြန်ထိန်းကျောင်းပေးရမှာကတော့ မဟုတ်သေးဘူးလေ ''

မနက်ခင်းက မုန်တိုင်းမရှိတော့တဲ့အတွက်သာယာနေခဲ့သည်။ လော့ရန်ကို အမြန်ရောက်ဖို့ ခရီးဆက်ခဲ့ကြရင်း လမ်းတစ်လျှောက်မှာ ဇာတ်လိုက်မနဲ့သောင်ချူယွဲ့ ၏ တစီစီအမြုပ်မထွက်ရုံတမယ် ပြောနေကြသော စကားတွေကြောင့် ရှောင်းကျန့်က လှည်းခေါင်းထဲမှ ပြူထွက်ကာ လှမ်းကြည့်လာသည်။

" မမ... ''

ရှောင်းကျန့်၏ ခေါ်သံ က သူမတို့၏ တွတ်ထိုးနေတဲ့ စကားဝိုင်းထဲ ဝင်လာသည်။

အမှန်တော့ သူမတို့၏ စကားသံကတိုးညှင်းလွန်းတာကြောင့် ဘေးက ယွဲ့ကျုံးနဲ့ဝူလောင်သယ် အပြင် အခြားအဖွဲ့သားတွေတောင်မကြားရပေ။

ဟွမ်ကျောင်းကျောင်း၏ အံ့သြသလို အကြည့်ကို သောင်ချူယွဲ့က ခေါင်းညိတ်ပြသည်။

" သူက ငါတို့ပြောနေတဲ့အသံတိုးတိုးလေးကို မဆိုထားနဲ့... ဟိုးအဝေးကြီး မိုင်၅၀လောက် အကွာအဝေးက စကားသံကိုတောင် သိချင်ရင် အလွယ်လေးနားထောင်လို့ရတယ် ''

Peculiarly System [Completed ]Where stories live. Discover now