Arc(4.1) Jon San

9.3K 822 18
                                    


ယခု ရှောင်းကျန့်က အခန်းတစ်ခုထဲမှာရောက်နေတာဖြစ်ပြီး မှောင်မဲနေသည် ။
သတိထားမိလို့ ကြည့်လိုက်မှ
သူက ဖောင်တိန်တစ်ချောင်းကိုကိုင်ထားတာဖြစ်ပြီး စာလုပ်နေပုံရသည်။

ရှောင်းကျန့်သည် Kitty ကို ခေါ်လိုက်ပြီး ဇာတ်လမ်းအကျဉ်းကိုမေးမြန်းလိုက်သည်။

Kitty ဆီက အကြောင်းစုံ သိရှိပြီးနောက်မှာပဲ သူရောက်နေတဲ့ ခန္ဓာ ပိုင်ရှင်အားသနားသွားရသည်။

"Kitty အခုက ဇာတ်လမ်းရဲ့ ဘယ်အခြေအနေမှာလဲ ''

"အခုက ဇာတ်လိုက်က ကျောင်းမှာ ဂျွန်ဆန်းကို အပြတ်ငြင်းပြီးပါပြီ ''

"ဒါဆို Gay လို့ လူတိုင်းက သိပြီးကြပြီပေါ့ ''

"ဟုတ်တယ် သခင် ''

နည်းနည်းလေး စိတ်ညစ်သွားရသော်လည်း သက်ပြင်းချရုံမှတပါး ဘာမှ မတတ်သာ ။

"ထားပါ သူ့ဆန္ဒတွေက ဘာလဲ ''

"သူ့ဆန္ဒက ဇာတ်လိုက်နဲ့ဇာတ်လိုက်မကို ကလဲ့စားချေချင်တာပါ သူ့ကို မချစ်ဘူးလို့ ငြင်းရင်ရရက်သားနဲ့ သူကောင်းပေးခဲ့တဲ့မျက်နှာကိုမထောက်ဘဲ သူ့ကို လူကြားထဲမှာ အရှက်ခွဲတဲ့အတွက် ပါ ဇာတ်လိုက်မကိုလည်း ကြာပန်းဖြူ ဆိုတာ လူတကာသိအောင် ချပြချင်တာပါ ပြီးတော့ သူ့အပေါ်မှာ အရမ်းချစ်တဲ့မိဘနှစ်ပါးအတွက် ကောင်းကောင်းရှင်သန်ချင်တာပါ ''

"အင်း ရပြီ ''

ရှောင်းကျန့် ယခုရောက်ရှိနေသည့် ခန္ဓာကိုယ်ပိုင်ရှင်သည် အေးဆေးတည်ငြိမ်ပြီး အစွဲအလန်းကြီးသည့်
ဆောဂျွန်ဆန်း ဆိုသည့် ကောင်လေးဖြစ်သည်။

ဂျွန်ဆန်းသည် ဟာမင်ယောင်းဆိုသည့် ကောင်လေးနဲ့ ခင်မင်ခဲ့ရာမှ အစွဲအလမ်းကြီးတဲ့သူပီပီ တခြားသူနဲ့ မင်ယောင်းရင်းနှီးသွားမှာကို စိုးရိမ်ခဲ့သည်။

တစ်နေ့တွင် ဇာတ်လိုက်မဖြစ်သူ
ဂန်ဟေးရင် ဆိုသော မိန်းမလှလေးက သူတို့နှစ်ယောက် ကြားထဲ ဝင်ရောက်လာသည်။

ဟေးရင်သည် ဂျွန်ဆန်းကို သာမန်ခင်မင်သော်လည်း မင်ယောင်းအပေါ်ကို သံယောဇဉ် ပိုနေခဲ့သည်။

Peculiarly System [Completed ]Where stories live. Discover now