Arc(13.1) Cristan Gabriel

3.5K 331 23
                                    

" ခရစ်စတန် ''

နှာတံထင်းထင်းနဲ့ ကပြားတစ်ယောက်က နူတ်ဆက်လာတဲ့ အခါ မျက်လုံးတွေမှေးကျဉ်းကာ ကြည့်ပေးလိုက်သည် ။

" ဒီည ငါတို့တွေ သင်္ဘောဆိပ်မှာ ဆေးသွားယူမလို့ မင်းလိုက်မလား ''

" အာ..ငါ လိုက်လို့မရဘူး ၊ ဒီနေ့ည ငါမအားတော့ဘူး ''

ခရစ်စတန်က တစ်ခြားဝိုင်းကို မျက်စပစ်ကာ ပြောလာတာမို့ အန်သိုနီက လှမ်းကြည့်လိုက်သည်။

အမို့အမောက်တွေနဲ့ မျက်စိပသာဒရှိလှသည့် အမျိုးသမီးချောလေးက ညုတုတုအကြည့်တွေနဲ့ ခရစ်စတန်ကို ဆွဲဆောင်နေလေသည်။

" ကောင်းပြီ ခရစ်စတန် ကောင်းသောညချမ်းလေးပါ ဟားဟား ''

တဟားဟားရယ်ကာ ပြောဆိုထွက်ခွာသွားသော
အန်သိုနီကိုကြည့်ပြီး ခရစ်စတန်က စိတ်ထဲကနေ ရေရွတ်လိုက်သေးသည်။

ကောင်းသောညချမ်းလေးပါ၊ အဟင်းဟင်း ။

ရှောင်းကျန့်က ထိုကောင်မလေးဆီကိုသွားလိုက်သည်။

ဖောက်ပြန်တာတော့မဟုတ်ဘူး.. သိပါတယ်နော်.. System ခိုင်းသမျှကိုပဲ လုပ်ရတဲ့ကျွန်တော် ၊ အချစ်ငှက်ငယ်တွေ နားနားပြီးမှ အဝေးပြေးပြန်သော် ထားခဲ့ပင်အိုကြီးလိုနော်....တပင်တိုင်မင်းသားအဖြစ်နဲ့ ကျွန်တော် အဟီးဟီး..။

ရှောင်းကျန့်က စိတ်ထဲကနေ ပရမ်းပတာတွေ လျှောက်ဆိုပြီး တဟီးဟီးရယ်နေတာမို့ သူ့အား စူးရှသောအကြည့်တွေနဲ့ကြည့်နေသော မျက်ဝန်းတစ်စုံအားသတိမထားမိပေ။

" သူက မြို့တော်ဝန်ရဲ့သားအငယ်ဆုံးလေးမဟုတ်လား ''

" ဟုတ်ပါတယ် သခင်ကြီး ''

" ဒီည  အဲ့ကောင်လေးကို ငါ့အိပ်ယာထဲမှာမြင်ချင်တယ်''

" မစ္စတာဒေးဗစ် ဒါက ''

" .....''

ကာစီနိုပိုင်ရှင်သည် မစ္စတာဂျိုလိုဒေးဗစ် လိုလူမျိုးကို ဘယ်လိုလုပ်အာခံရဲလိမ့်မည်နည်း။

ဒါပေမယ့်တစ်ဖက်ကကောင်လေးရဲ့ မိဘတွေကသွားထိဖို့မသင့်တဲ့သူတွေမဟုတ်လား ...ဟင်း..ကျုပ်ကိုသာ အသေသတ်လိုက်ကြပါတော့လား။

Peculiarly System [Completed ]Where stories live. Discover now