Arc(9.10)

2.9K 367 1
                                    

ရှောင်းကျန့်နိုးလာတော့ ကြောင်ဝတုတ်ကို အရင်တွေ့လိုက်ရသည်။

" kitty ဘာတွေစားပြီး CP ကြက်ကြီးလို ဝလာရတာလဲ ၄၅ ရက်မပြည့်ခင် ဟင်းအိုးထဲရောက်တော့မယ် ''

" ပေါက်တက်ကရ ''

Kitty ရဲ့ ညူစူသလိုအသံကြီးကြောင့် ရှောင်းကျန့်မျက်နှာက ဆီးရွက်လေးလိုငယ်သွားရသည်။

သြဇာသီးရောင်းနေတဲ့ Kitty လေးကို လည်ပင်း ညစ်ချင်စိတ်တွေတဖွားဖွားဖြစ်နေရတာမို့ အတင်းချုပ်တည်းနေရတာပင်။

" kitty ငါဘယ်နှစ်ရက်လောက်အိပ်ပျော်သွားတာလဲ..ပြီးတော့ ဗစ်တာရော ''

" အိပ်ပျော်နေတာ ၁ရက်မပြည့်သေးဘူး ဗစ်တာက ရေအောက်မြို့တော်ကို ကျူးကျော်တဲ့သူရှိလို့ သွားဖမ်းနေတယ်''

" ဘယ်သူတွေကျူးကျော်တာလဲ ''

" ကျွန်တော့်အထင် အစ်ကို့သူငယ်ချင်းတွေပဲ..ဟိုနှစ်ယောက်လေ..လော်ရာ နဲ့ ဟူဂိုမှတ်မိသေးလား ''

" အော်...ဘာ!!!''

" ဖြေးဖြေးအော်ပါ..ကျွန်တော်က နားစည်ကွဲပြီးသေတဲ့မသာမဖြစ်ချင်ဘူးဗျ ''

" အခုသွားကယ်ပေး..''

Kitty - မသိချင်ယောင်ဆောင်ကာ တောင်ကြည့်မြောက်ကြည့် လုပ်နေ။

" ဖာခ့်...ငါပြောနေတယ် အခုသွားကယ်ပေးလို့!!! ကြားလား !''

" ကြား..ကြားပါတယ်ဗျာ..သွားမယ်..အခုသွားကြမယ် ''

" ငါက လိုက်ရအုန်းမှာလား ''

" လိုက်ရမှာပေါ့ဗျ လာ...''

Kitty က မျက်စောင်းကို အားရပါးရထိုးကာ ဆွဲခေါ်သွားသည်မို့ အကွာမှာလည်း ဗစ်တာရဲ့ ကျောက်ဂူထဲကနေ
ယက်ကန်ယက်ကန်နဲ့ ပါသွားရတော့သည်။

" အစ်ကိုရှောင်း... ကျွန်တော့်ကို စောင့်ပါအုန်း ''

" မင်းကလည်း နှေးလိုက်တာ..လိပ်အိုကြီးကျနေ...အံမယ်..ဒါက ဘာလေးလဲ ''

ရှောင်းကျန့်က Kitty ရဲ့ ရေကူးနေပုံကိုကြည့်ကာ ရယ်တော့သည်။

"  ကြောင်တွေက ရေမကူးနိုင်ဘူးလေ မသိဘူးလား..အံ့သြပ..ရယ်မနေနဲ့ တော်ကြာနေ အလကားနေရင်း သူငယ်ချင်းနှစ်ယောက် ငါးမန်းစာကျွေးခံနေရအုန်းမယ်''

Peculiarly System [Completed ]Where stories live. Discover now