Arc(11.7)

2.4K 337 6
                                    

စောမင်းလတ်၏လက်ကလေးကို ဆုပ်ကိုင်လိုက်တော့ ထူးထူးခြားခြားပင် သူလေးက မရုန်းကန်ခဲ့ပေ။

စိုင်းခမ်း၏ မျက်နှာမှာ အပျော်လုံးစို့လျက် ချစ်မြတ်နိုးစွာ သူလေးအား တိတ်တိတ်လေး ခိုးကြည့်လိုက်သည်။

ယခုက ဘုရားရင်ပြင်တော်ပေါ်မှာမို့ သိပ်တော့ မဝံရဲပေ။ ငရဲကြီးမှာတော့ ကြောက်ရသည်မဟုတ်ပါလား ။

" အစောက သခင်လေးစိုင်းခမ်းကို ဝန်ခံစရာရှိပါတယ် ''

" ဘာများလဲ လတ် ''

စိုင်းခမ်း၏မျက်နှာမှာ သိလိုစိတ်လေးထင်ဟပ်နေသည်ကို မျက်နှာချင်းဆိုင်လိုက်သည့် စောမင်းလတ်က သဘောပေါက်သည် ။
သူချက်ချင်းဆိုသလို သွားတွေပေါ်အောင် ရယ်ပြုံးလိုက်ပြီး စိုင်းခမ်း၏ ခါးကို ဖက်ရန်လက်တွေကို ရုန်းလိုက်သည်။

" လတ်...''

စိုင်းခမ်း၏ နှလုံးခုန်သံက ကြောက်စရာကောင်းလောက်အောင်ကို တဒိန်းဒိန်း ဆိုင်းတွေဗုံတွေတီးပြီး စောမင်းလတ်၏ နားစည်ထဲကို တုန်ခါစေသည်။

ရင်ဘတ်ကို ခေါင်းအပ်ထားသည့်စောမင်းလတ်ကို စိုင်းခမ်းမှာ အံ့သြစွာ ကြည့်နေရင်းမှ သတိရကာ သူလေး၏ ခါးကို တင်းကျပ်စွာ ပြန်လည် ပွေ့ဖက်လိုက်သည်။

" လတ်...''

" အရမ်းလွမ်းနေခဲ့တာ.. ဒီလိုမျိုး ပွေ့ဖက်ချင်ခဲ့တာဖြင့် ကြာလှနေပြီ ''

စောမင်းလတ်၏ စကားအရ အရင်ကတည်းက လတ်ဟာ သူ့အပေါ်မှာ ချစ်နေခဲ့တယ်ဆိုတာ စိုင်းခမ်းက နားလည်သွားပြီး ပျော်ရွှင်မှုတွေ အတိုင်းအဆမရှိ ဖြစ်လာရသည်။

" ဒါဆို လတ်က... ''

" အင်း...လတ်က သခင်လေးစိုင်းခမ်းကို မေတ္တာရှိတယ် ''

သူ့ကိုယ်သူ လတ်လို့ပြောကာ မေတ္တာထားကြောင်း ပြောလာပြီး ရင်ခွင်ထဲတိုးရင်း မျက်နှာလေးကိုဝှက်တဲ့ စောမင်းလတ်ကြောင့် စိုင်းခမ်းက မျက်နှာတပြုံးပြုံးနဲ့ဖြစ်နေတော့သည်။

ဘုရားပေါ်မှာ နှစ်ယောက်သား အတူတူဘုရားအာရုံပြုဖို့စိတ်ကူးခဲ့ပေမယ့်လည်း တကယ်တမ်းတော့ ချစ်စကားတွေတီတီတာတာ ပြောရင်း အချိန်ဖြုန်းခဲ့ကြသည် ။

Peculiarly System [Completed ]Where stories live. Discover now