Arc(8.11)End

4.7K 513 23
                                    


မေပယ်လ်က အဒမ်ကို ကြေကွဲစွာ ကြည့်နေမိသည် ။

တောက်ပတဲ့ မင်္ဂလာဝတ်စုံနဲ့ ခမ်းနာလှတဲ့ ဒီခန်းမကြီးထဲမှာ မင်္ဂလာဆောင်နေတာ သူမချစ်ရတဲ့ ချစ်သူလေး။ ဒါပေမယ့် သတို့သမီးက သူမ မဟုတ်ဘူး။
သတို့သမီး နေရာမှာ ဘယ်သူမှ မရှိနေဘူး။
ဘယ်သူကမှ အဒမ်ရဲ့ သတို့သမီး မဟုတ်ကြဘူး။ ဒါပေမယ့်.. တခြားတစ်ဖက်ကသူက အဒမ်ရဲ့အထက်ပုဂ္ဂိုလ်သတို့သား။

သူမကသိပ်ချစ်ခဲ့တာလေ..သူမကို မမြင်ဘဲ နောက်မှပေါက်တဲ့ ဂျိုးဇက်ပ် ဆိုတာကြီးကို ရွှေကြာထင်ပြီး ပန်ဆင်သွားတယ်ပေါ့... အမယ်လေး..အဒမ်ရဲ့..ရက်စက်လှချည်လား..စိမ်းကားလှချည်လား..နင့်ကို မြင်တယ် မှတ်နေတာ နင်က ကန်းနေခဲ့တာပဲ..။

အဟီး.။(ငိုနေတာ ပါ ကျွန်မက ငိုနေတာ)

" Maple ''

" .....''

" ကျေးဇူးပါ ''

"???''

သတို့သားအချောလေးက ဘာတွေပြောနေသလဲ ကျွန်မမသိလို့°_°။

" အင်း မင်းကြောင့် ကိုကိုနဲ့ငါကဆုံခဲ့ရတာလေ..ဒါကြောင့် ''

ငါ့အနာကို..တုတ်နဲ့လာထိုးနေတာပဲ..မသာလေး..။

" ရပြီ.. ငါသိပြီ မပြောနဲ့ .. ငါလည်း နင့်ကို ကျေးဇူးအထူးတင်ရှိပါတယ် သိလား..အခုတော့ ငါပြန်တော့မယ် နင်တို့ အိုမင်းတဲ့အထိပျော်ရွှင်စွာပေါင်းဖက်နိုင်ပါစေ ဟုတ်ပြီလား ''

" အေးအေး ..ပေးတဲ့ဆုနဲ့ပြည့်မှာပါ..အဟင်း..  ကျေးဇူးပဲနော် ''

Maple ကကျေးဇူးတင်စရာမလိုဘူးဆိုတဲ့သဘောနဲ့ လက်ကိုခါလို့ ထွက်သွားသည် ။

ဒီယုံကြည်မှုလွန်ကဲနေတဲ့အဒမ်ကို ကျွန်မက ဘာကြောင့် ချစ်မိခဲ့ပါလိမ့်.. အချိန်မီပါသေးတယ်..ပြင်လို့ရသေးတယ်။

" ကလေး..မေပယ်လ်က မင်းကို သဘောကျနေတာထင်တယ် ''

" ဟမ်..မဖြစ်နိုင်တာ.. သူမနဲ့ ကျွန်တော်က အရမ်းခင်တဲ့ သူငယ်ချင်းကောင်းတွေဗျ အဲ့လိုမျိုးတွေ မတွေးပါနဲ့ သူမအတွက် မကောင်းဘူး ''

" အင်း ဟုတ်ပါပြီ ကိုယ်ပဲ အတွေးလွန်နေတာဖြစ်မှာပါ ''

" နောက်ကို လျှောက်မတွေးနဲ့ ဟုတ်ပြီလား''

Peculiarly System [Completed ]Where stories live. Discover now