Arc(10.3)

3K 380 6
                                    

" ကျန့်ကျန့် ''

" ဟင်..''

ရှောင်းကျန့်က မျက်လုံးလေးကို ပွတ်ပြီး ထထိုင်လိုက်သည် ။

" အစ်ကိုသောင်.. ပြန်လာပြီလား..ဘယ်အချိန်လဲအခုက ''

" အင်း..မနက်ရောက်နေပြီ.. ကျန့်ကျန့် အိပ်ပျော်နေတာကို အစ်ကိုနိူးလိုက်တာကမုန့်ကျွေးချင်လို့..ရော့..အစ်ကိုကျန့်ကျန့်အတွက် ပျားရည်အချိုမုန့်ဝယ်လာတာ စားလိုက်.. ''

" ကျေးဇူးပါ အစ်ကိုသောင် ''

ရှောင်းကျန့်က ပျားရည်မုန့်ချိုကို တစ်ကိုက်လောက်မြည်းစမ်းကြည့်ပြီး သောင်ချူယွဲ့ကို ပြုံးပြလိုက်သည်။

ဒီမုန့်ကို အရမ်းချိုပြီး အီစိမ့်နေမည်ဟု ရှောင်းကျန့်ထင်ထားခဲ့ပေမယ့် တကယ်တော့ အရသာလေးက နူးညံ့အိစက်ပြီး ချိုတယ်လို့ပြောရုံသာပင်။

" ကောင်းလိုက်တာ ''

" အင်း.. အစ်ကိုတို့ ခရီးထပ်ဆက်ရမယ် ကျန့်ကျန့်ဆက်အိပ်ချင်အိပ်လေ  ''

" အင်း..''

ရှောင်းကျန့်က စက္ကူထုပ်လေးထဲက ပျားရည်မုန့်ချိုလေးတွေဆီသာ အာရုံထားပြီး ပြီးသလွယ် ဖြေလိုက်သည် ။ သောင်ချူယွဲ့က ရှောင်းကျန့်ရဲ့ ခေါင်းလေးကို ချစ်စနိုးနဲ့ ပုတ်ပေးကာ လှည်းထဲကနေထွက်သွားတော့သည်။

ထို့နောက် အပြင်ဘက်မှ အဖွဲ့သားများအား ပြောကြားနေသော ဇာတ်လိုက်မ၏ အသံကိုကြားလိုက်ရသည်။

" ငါတို့ အခုပဲ ချန်အန်းမြို့ကနေထွက်မယ် အစ်ကိုကြီးက ငါတို့ကို လော့ရန်ကိုလိုက်လာခဲ့ဖို့မှာထားခဲ့တယ်..  ''

ဟွမ်ကျောင်းကျောင်းသည် စကားကို တိတိပြတ်ပြတ်သေချာပြောကာ မြင်းပေါ်ကိုခုန်တက်လိုက်ပြီး ရှေ့ကနေစထွက်သည်။

သောင်ချူယွဲ့က ဝမ်ရိပေါ်ကို ရှောင်းကျန့်နဲ့အတူ လှည်းတစ်စီးပေါ်မှာ အတူစီးရစေဖို့ ကူညီပေးလိုက်သည်။

ရိက္ခာလှည်းကတော့ သရဲကြီးနဲ့ ပါးစပ်ပြဲကို ဦးဆောင်မောင်းနှင်ဖို့ တာဝန်ပေးလိုက်သည်။

Peculiarly System [Completed ]Where stories live. Discover now