Arc(2.2)

11.3K 1.4K 75
                                    

ရှောင်းကျန့်သည် ဘာမှမသိသလို
ဟန်ဆောင်ဖို့သာ တတ်နိုင်တော့သည်။

ရွှီကွမ်းသည် အသက်အားဖြင့် ရှောင်းကျန့်နဲ့အရွယ်တူဖြစ်သော်လည်း အတော်ပင် ဘူးထသည့် သောက်ကလေးဟု ရှောင်းကျန့် စိတ်ထဲကနေ ဆဲရေးနေမိသည်။

"ရုံဟွေ့ကော ကွမ်းကွမ်းက တဏှာရူးကြီးလားဟင် ''

"ဘာလို့လဲ မဟုတ်ပါဘူး ငါတို့ ကွမ်းကွမ်းက ကလေးလေးပဲရှိသေးတာ ''

"ဟင့် သူတို့ ကြည့်တဲ့အကြည့်တွေကို မကြိုက်ဘူး ''

"အာ မငိုနဲ့လေ ရွှီကွမ်းကလိမ္မာပါတယ်
သူတို့ကို လူတွေလို့မသတ်မှတ်နဲ့ ''

ရှောင်ကျန့် တကယ်တော့ ဝမ်းနည်းလို့မဟုတ်ပေ။ အနည်းငယ် အမြင်လေးပြောင်းလို့ပြောင်းငြားချွဲကြည့်ခြင်းဖြစ်သည်။

"အို ဘယ်သူလေးပါလိမ့် ဘယ်လိုလဲ ငါ့ရဲ့ လက်စက ခံလို့ကောင်းရဲ့လား ''

Shit ဒီနို့နံ့မစင်တဲ့ကောင်က ဘယ်သူလဲ

မိမိအား ကြည့်ကာ ပြောလာသည့် ရှေ့က ကောင်ကိုကြည့်ရင်း ရှောင်ကျန့်စိတ်ထဲကနေ စဉ်းစားနေမိသည်။

ထို့နောက် ရုံဟွေ့ကော အနောက်ဘက်မှာ ဝင်ပုန်းပြီး ကုပ်ချောင်းချောင်းလေး
ခိုးကြည့်လိုက်သည်။

"ရုံဟွေ့ကော ကွမ်းကွမ်းကြောက်တယ်''

ရုံဟွေ့သည် ကိုယ့်ကိုယ်ကိုယ်ပင် အနည်းငယ် ဂုဏ်ဆာနေမိသယောင်ခံစားမိသည်။

အခုလို ကွမ်းကွမ်းက မိမိကိုအားကိုးတကြီး လုပ်လိုက်သည့်အခါမှာ
ကောင်းကင်က လေတွေကိုရှုရှိုက်မိလိုက်သယောင် ခံစားမိသည် ။

"ကျင်းသခင်လေး ကိုယ့်လမ်းကိုသာ သွားဖို့တောင်းဆိုပါတယ် ရွှီကွမ်းလေးကို မနှောက်ယှက်ပါနဲ့ ''

ရုံဟွေကော၏ စကားကို နောက်ကနေ
နူတ်ခမ်းလေးထော်ပြီး ခေါင်းတဆတ်ဆတ်ညိတ်ကာ ထောက်ခံနေသည့်
ကွမ်းကွမ်း ။

ထိုအချင်းအရာကြောင့် ကျင်းရင်ချင်း
မှာ ကြောင်နနနှင့် လမ်းဖယ်ပေးမိသည်။

ဘဝင်ရူးလေးတို့ညီအစ်ကိုနှစ်ယောက်
ထွက်သွားသည်အထိ ကျင်းရင်ချင်း လိုက်ကြည့်နေမိသည်။

Peculiarly System [Completed ]Where stories live. Discover now