Arc(9.9)

3.1K 388 1
                                    


" လော်ရာ ခုန်ချမယ်နော် တိုင်ပင်ခေါ်မယ် ...၁..၂..၃..''

" ဝုန်း! !! ဗွမ်း ''

ကျောက်ဆောင်ပေါ်ကနေ သမုဒ္ဒရာထဲ ခုန်ချလိုက်ပြီးနောက် လက်တွေတွဲထားရင်း ရေငုပ်ကာ အတွင်းပိုင်းချောက်နက်အထိ ကူးခတ်သွားတဲ့ လော်ရာနဲ့ဟူဂို။

အချိန်တစ်ခုကြာတဲ့အထိ ဘာကိုမှ မ​မြင်ရတာကြောင့်ရော အောက်စီဂျင်ပြတ်လပ်လာတာကြောင့်ပါ နှစ်ယောက်သား သမုဒ္ဒရာ ကြမ်းပြင်မှ ပြန်လည်ပြီး ရေမျက်နှာပြင်ပေါ်ကို ကူးခတ်လာခဲ့သည်။

" ဟူး..မောလိုက်တာ ''

" အေးဟ..ငါတို့ အခုထိ ရေအောက်နန်းတော်ဆိုတာကြီးကို မမြင်ရသေးဘူး ထပ်ငုပ်မယ် မတွေ့မချင်း ရှာကြမယ် ''

ဟူဂိုက လက်မလျှော့စွာပြောလာတာမို့ လော်ရာက ရေဒဏ်ကြောင့်နီရဲနေတဲ့သူမမျက်လုံးတွေကို အသာဖိနိုပ်လိုက်တယ်။

" ကဲ..ဒါဆို ထပ်ငုပ်ကြမယ်..ဟဲ့..ငါ့တို့အခုဘယ်နားမှာလဲမသိဘူးနော် ''

လော်ရာက ရေမငုပ်ခင်ပတ်ဝန်းကျင်ကိုပါတစ်ဆက်တည်း အကဲခတ်ရင်း ပြောလာတာဖြစ်လို့ ဟူဂိုကမျက်စိနဲ့လှည့်ပတ်ကြည့်လိုက်သည်။

" အင်း ဘယ်နေရာပဲဖြစ်ဖြစ် ငါတို့ အကွာကိုရှာတွေ့ဖို့ထက်တော့အရေးမကြီးဘူး ငါ့လက်ကိုမလွှတ်နဲ့နော် လော်ရာ ၁.၂.၃''

တစ်ဖန်ငုပ်လိုက်ကြပြန်သည့် သူတို့နှစ်ဦးက ရေအောက်ကြမ်းပြင်ကိုရောက်သည်နှင့် မျက်စိတွေကို မနည်းဖွင့်ကြည့်နေရသည်။ ဘေးမှာ  လျှောက်ပတ်သွားလာနေသော ငါးနီတူတွေ ကို မြင်လိုက်ရတဲ့လော်ရာက ဟူဂိုကို ဆွဲဆိတ်လိုက်ပြီး ပြလိုက်သည့် အခါ ထိုငါးတွေနောက်ကိုလိုက်ဖို့ ဟူဂိုက ဆုံးဖြတ်ချက် ချသည်။

......................

" မာလေက မင်းကို ခန့်မှန်းမိတယ် ဟုတ်လား Kitty ''

" အင်း ..မာလေမဟုတ်ဘူး သူရဲ့ မှော်ဖန်လုံးကြီး.. ''

ယခုအချိန်မှာ  အကွာက ကျောက်ဖျာပေါ်မှာ လဲလျောင်းနေတာဖြစ်ပြီး ဘေးနားက Kitty တစ်ကောင်ကတော့ လက်ကားယားခြေကားယားနဲ့ ဖြစ်ကြောင်းကုန်စင် ရှင်းပြနေတာဖြစ်သည်။

Peculiarly System [Completed ]Where stories live. Discover now