Arc(2.5)

10.2K 1K 37
                                    


ရှောင်းကျန့်သည် နေ့စဉ်နဲ့အမျှ မဟာကြောင်သူတော်ဇာတ်လိုက်အား ကြွက်သူခိုးရှောင်ပုန်းသလို ပုန်းရှောင်နေရသည်။

ညနေခင်းတစ်ခုတွင်

ညစာစားသောက်ပြီး  အဆောင်ရှေ့က ဇီးပင်ကြီးအောက်ထိုင်နေတုန်း ခေါ်သံကြားလို့ ကြည့်လိုက်မိတော့ နန်းတွင်း ကိုယ်ရံတော် တစ်ယောက် ။

"စာသင်သား ကျန်းရွှီကွမ်း ဆိုတာ မင်းလား ''

"ဟုတ်ပါတယ် ''

"မင်းကြီးက ခေါ်ခိုင်းလိုက်လို့ပါ ''

"ခင်ဗျာ ''

ကိုယ်ရံတော် ဖြစ်ဟန်တူသည့် အမျိုးသားက ရှောင်းကျန့်ကိုလာခေါ်လေသည်။

ရှောင်းကျန့်သည် ဘာလုပ်ရမည်မသိဖြစ်လာတာကြောင့် System ကို တမိသည်။

System ငါက ဇာတ်လိုက်နဲ့ တသီးတခြားတွေ့တဲ့ဇာတ်ဝင်ခန်းကို မင်းမပြောခဲ့ဖူးဘူးလားလို့

[ဟုတ်ကဲ့ ဇာတ်လမ်းက သူ့ဘာသာသူ သွားနေတာပါ သင်က အလိုက်သင့်မျှောလိုက်သွားရုံပဲ]

ငါက မျှောလိုက်သွားရမယ် ဟုတ်လား အဲ့ဇာတ်လိုက်က ငါ့ကို သတ်ရင်လည်းငါက မှိန်းခံနေရမှာလား

[ဇာတ်လိုက်က သင့်ကို သတ်ဖို့ အချိန်မကျသေးဘူး ]

အော် အေးအေး ငါက သူသတ်တဲ့အချိန်ရောက်ဖို့ ထမင်းစားစောင့်နေရမှာပေါ့လေ ဟုတ်လား

[အဲ့တာက သင့်အပေါ်မှာပဲမူတည်ပါတယ် သင်က သူ့ကို စိတ်ရှုပ်အောင်မလုပ်နဲ့ပေါ့ ]

ဒါဆို ငါက ဇာတ်လိုက်မနဲ့ ဝေးဝေးရှောင်မယ်လေ ရတယ်မလား အာ ဒီဇာတ်လမ်းရဲ့ အရှိန်အမြင့်ဆုံးအခန်းက နီးပြီလား

[ဟုတ်ကဲ့ နီးပါပြီ သင်က အဲ့ဒီကနေစပြီး လူယုတ်မာဖြစ်ရမှာပါ ဇာတ်လိုက်မကို သင်က လိုက်နှောက်ယှက်ပြီး ဇာတ်လိုက်ရဲ့ အထင်သေးမှုတွေကို တနင့်တပိုးခံရမှာပါ ]

ငါက သူ့ကို မနှောက်ယှက်ရင်ရပြီမလား

[မရပါဘူး အဲ့ဒီဇာတ်ဝင်ခန်းမှာ နှောက်ယှက်ဖြစ်အောင် နှောက်ယှက်ရမှာပါ ]

Peculiarly System [Completed ]Where stories live. Discover now