Arc(10.10)

3K 383 5
                                    

" ကျန့်ကျန့်... ''

ဝမ်ရိပေါ်သည် သောင်ချူယွဲ့ ရင်ခွင်ထဲက အေးစက်နေသည့် ကိုယ်လုံးလေးကို ဆွဲယူပြီး ပွေ့ဖက်ကာ ငိုလေတော့သည် ။

" ဘယ်လိုဖြစ်ရတာလဲဗျာ ...ကျန့်ကျန့်က ဘယ်လိုဖြစ်တာလဲ ''

".......''

" ပြောကြာပါအုန်းဗျာ..အစ်ကိုသောင် ပြောလေဗျာ ''

" သူက စွမ်းအင် ၇နှစ်မျိုးနဲ့ မှော်သားရဲဆိုတာ အမှုဆောင်ဝမ် သိမှာပါ... ''

".....''

" သူ့ရဲ့ စွမ်းအင်နှစ်မျိုးက အမှုဆောင်ဝမ် အတွက်ထုတ်သုံးခဲ့တာဖြစ်တယ် ''

ဝမ်ရိပေါ်က ခေါင်းလေးငိုက်စိုက်ကျကာ ရှောင်းကျန့်၏ မျက်နှာကိုကြည့်နေသော်လည်း သောင်ချူယွဲ့ စကားတွေကို နားထောင်နေပါသည်။
ထို့ကြောင့် သောင်ချူယွဲ့က ဆက်ပြောလိုက်သည်။

" တကယ်တော့ ကျွန်တော်နဲ့ အစ်ကိုကြီးအပါအဝင်..ကျောင်းကျောင်းကလည်း ခုနကတိုက်ပွဲမှာ သေဆုံးသွားခဲ့ပြီးကြပြီ ''

" ဟင် ''

" ဟမ်... ဘယ်လို.. ''

အစရှိသဖြင့် အသံတွေက ထွက်လာခဲ့သည် ။

ဝမ်ရိပေါ်က မျက်ရည်တွေဝိုင်းနေတဲ့မျက်လုံးတွေနဲ့ ခဏတာမော့ကြည့်လာပြီး သေဆုံးနေသောကောင်ငယ်လေးကို ပြန်ပြီး အကြည့်ပို့သွားတော့သည်။

" ကျန့်ကျန့်က ကျွန်တော်တို့ကို ကယ်တင်ပေးပြီး သူ့အသက်ကိုစတေးခဲ့တာ ''

"....''

" သူ့ကို ခေါင်းဆောင်အဖြစ် တစ်ချို့ကလက်မခံခဲ့ကြဘူး.. ဒါပေမယ့် သူက ဘယ်သူ့ကိုမှ မမုန်းတီးခဲ့ဘူး ပြီးတော့ သူကငယ်ရွယ်ပေမယ့် ခေါင်းဆောင်ကောင်းပီသလွန်းတယ်.. ''

သောင်ချူယွဲ့ စကားအဆုံး၌ ကျောင်းကျောင်းက ရှောင်းကျန့်ကို အားနာစွာနဲ့သာ ငေးကြည့်နေခဲ့သည်။

" ဂိုဏ်းသားတွေစုံပြီဆိုတော့..ဂိုဏ်းချုပ်ကို မြုပ်နှံကြရအောင် ''

" ဟုတ်ကဲ့ အစ်ကိုကြီး ''

ဝမ်ရိပေါ်ကလွဲရင် ကျန်သောသူအားလုံးက လက်ခံကာ အစ်ကိုကြီး စကားကို ဖြေကြသည်။

Peculiarly System [Completed ]Where stories live. Discover now