Arc(5.1) Zhou Wei Feng

8.3K 829 14
                                    

"ကျိုးဝေ့ဖုန်း မင်းက မျက်စိမမြင်ရတာတောင် ကျားထိုးတဲ့အခါသိပ်တော်တာပဲနော် ''

"ငါက တော်နေတာလား မင်းက တမင်သက်သက် အရှုံးပေးနေတာလား ရှောင်ချွင်စန်း ''

".....''

"ကဲ ငါပျင်းသွားပြီ ချွင်စန်း အနားယူတော့မယ် ''

"ဝေ့ဖုန်း မင်းငါနဲ့ တစ်ခါတည်း လိုက်ခဲ့ပါလား ဒီနန်းတော်မှာ မင်းကို ဘယ်သူကမှ အလိုမရှိဘူး ''

"ငါ ပျော်နေတယ်လေ မင်းစိတ်ချပါ
ရှယွီထန်အတွက် ဧကရာဇ်ပိုင်ဝူရိကို ကလဲ့စားချေပြီးရင် ငါက သေချာပေါက် ဒီနန်းတော်ကနေထွက်လာမှာ ''

"ဘာ ပိုင်ဝူရိကို ကလဲ့စားချေမယ် ဝေ့ဖုန်း ရူးသွားပြီလား မင်းက ''

"ငါ ကျိုးဝေ့ဖုန်း ရှယွီထန်ရဲ့အိမ်ရှေ့စံတစ်ယောက် ငါ့မိဘတွေငါ့ပြည်သူတွေအတွက် ငါကလဲ့စားချေပြီး တရားမျှတမှုကိုယူဖို့ ဆုံးဖြတ်ပြီးပြီ မင်းသွားတော့ ငါက မင်းရဲ့အရှင်သခင်ဆိုတာကို မမေ့နဲ့အုံး ချွင်စန်း ''

"အိမ်ရှေ့စံအပေါ် ရိုင်းပျမိပါတယ် ခွင့်လွှတ်ပါ ''

" ရပြီ သွားတော့ ''

ချွင်စန်းက သက်ပြင်းချကာ ထွက်ခဲ့လိုက်သည် ။ ငယ်စဉ်ကတည်းက ကစားဖော်တွေဖြစ်တဲ့ အိမ်ရှေ့စံ နဲ့ သူက ရင်းနှီးစွာခေါ်ပြောသည်။ ထိုသို့ ခေါ်ပြောဖို့ မသင့်တော်ကြောင်း သူပြောစဉ်က အိမ်ရှေ့စံရဲ့ မျက်ဝန်းလှလှလေးက မျက်စောင်းလေးနဲ့ နှင်းဆီသွေးစိုရဲရဲနူတ်ခမ်းဖူးလေးက စူသွားသေးသည်။

အရင်က သိပ်လှလွန်းတဲ့ အိမ်ရှေ့စံရဲ့ မျက်ဝန်းတွေ က အခုတော့ ပိတ်ဖြူစတစ်ခုနဲ့ဖုံးအုပ်ထားသည်။

အမြဲနူးညံ့စွာပြုံးသည့် နူတ်ခမ်းတော်က အခုဆိုရင် တင်းတင်းစေ့ပိတ်ထားကာ ပြုံးရင်လည်း နွေးထွေးမှုတွေပျောက်ဆုံးကာ အေးစက်နေသည်။

'ဝေ့ဖုန်း ငါ့ကို မင်းမျက်ဝန်းလေးတွေက မမြင်တော့သလို နှလုံးသားကလည်း မမြင်နိုင်တော့ဘူးလား ''

............

တစ်ဖက်တွင် ရှောင်းကျန့်တစ်ယောက် နေရာမှာ ထိုင်နေဆဲသာ ဇာတ်ကြောင်းအပြည့်အစုံကို နားစွင့်နေလိုက်သည်။

Peculiarly System [Completed ]Where stories live. Discover now