Arc(12.6)

2.5K 337 9
                                    

အန်နာက အလွှာအထပ်တွေအများကြီးပါတဲ့ အဖြူရောင်ဇာဂါဝန်ကိုဝတ်ဆင်ထားပြီး မင်္ဂလာပွဲခန်းမရှေ့မှာ လှလှလေးပြုံးရယ်ကာ ရပ်နေသည်။

နှင်းဆီဖြူ ပွင့်ဖပ်တွေကို ကျဲဖြန့်ပေးနေတဲ့ မိုးပြာရောင်ဘက်ရောက်လုလု အဖြူရောင်ဝတ်စုံနဲ့ ဘန်က လည်း ချစ်စဖွယ်ပြုံးရယ်ပြီး တစ်လှမ်းချင်း ဝင်လာခဲ့သည်။

" ဘန်..ဒယ်ဒီ့ရဲ့ဘန်လေး ''

တိုးညှင်းစွာ ရေရွတ်လိုက်သူ၏ အသံက ဘန်၏ နားထဲကို တုန်ခါဝင်ရောက်လာခဲ့သည်။

အန်..အန်ဒရူး ဖုတ်ကောင်ကြီး.. ဒီကိုရောက်နေတာလား ။

ဘန်ရဲ့ရင်ထဲမှာ တုန်လှုပ်သွားကာ လက်ဖဝါးတွေအေးစက်လာတော့သည်။

တစ်လျှောက်လုံး အကဲခတ်နေတဲ့ ဂျက်ဖရီက ဘန်ကို ကြည့်ကာ ရင်ထဲတစ်မျိုးဖြစ်သွားသည်။

ဘန်ကို တခြားတစ်ယောက်က လုယူတော့မယ့်ခံစားချက်မျိုးသည် နောက်ကျောအထိ စိမ့်ဝင်သွားသလိုပင်။

သာမန်မဟုတ်တဲ့ တစ်ဖက်ရန်သူကို သူသတိထားမှဖြစ်တော့မည်။

အနားကို ဘန်ရောက်လာတဲ့အခါ အမူအရာမပျက် ပြုံးပြလိုက်ပြီး ခါးသိမ်သိမ်လေးကိုဆွဲဖက်လိုက်ရင်း စူးစူးဝါးဝါး ကြည့်နေမယ့်မျက်ဝန်းတစ်စုံကို လိုက်ရှာနေမိသည် ။

တစ်နေရာအရောက်မှာ ဂျက်ဖရီက မျက်မှောင်တွေတွန့်ကျိုးပြီး မျက်လုံးအကြည့်တွေပါ စူးရဲလာတော့သည်။

" ဂျက်ဖရီ.. ဂျက်ဖရီ ဘာဖြစ်နေတာလဲဟင် ''

" အာ..ဟင့်အင်း ကိုယ်ဘာမှမဖြစ်ဘူး ဘန် ''

ဘန်က အကဲခတ်သလိုကြည့်နေပေမယ့် ဆက်လက်ပြီးတော့မေးမြန်းလာခြင်းမရှိတာမို့ သက်ပြင်းလေးအသာချလိုက်သည်။

တစ်ဖက်က သွေးစုတ်ဖုတ်ကောင်အနွယ်တော် အိမ်ရှေ့ကိုယ်တော်အန်ဒရူး၏ ခနိုးခနဲ့အပြုံးကိုလည်း စိတ်တိုလွန်းလို့ ဂျက်ဖရီက ဆက်မကြည့်တော့ဘဲ မျက်နှာလွှဲလိုက်သည်။

........

" ဂျက်ဖရီ..ကျွန်တော့်ကို မညာပါနဲ့..အမှန်အတိုင်းပြော ၊ ခုနက ပွဲခန်းမထဲမှာ ဂျက်ဖရီ စိတ်တိုနေတာ ကျွန်တော်ခံစားမိတယ် ''

Peculiarly System [Completed ]Where stories live. Discover now