Arc(9.11)

3.1K 393 10
                                    

" ဗစ်တာ... ယောက်ျား~~~''

ထိုခေါ်သံကြောင့် ဗစ်တာမှာ အကြောအချင်တွေတောင့်တင်းကာ ကြက်သီးတဖြန်းဖြန်းထသွားရသည်။

" အ..အကွာ..ဘာ..ဘာပြောမလို့လဲ..''

အသံတွေတုန်ယင်ပြီး နှလုံးခုန်နူန်း မူမမှန်သလိုတောင် ဗစ်တာခံစားနေရသည်။

အကွာရဲ့ အပြုံးကြီးက ကြောက်ဖို့ကောင်းလိုက်တာ..။

" ဟီး..ဗစ်တာ ဘာလုပ်နေတာလဲ.. အကွာနိုးလာတဲ့အချိန် ဗစ်တာမရှိတော့ အရမ်းဝမ်းနည်းတယ်သိလား ''

" အာ..ကိုယ်က ကျူးကျော်သူရှိလို့ သွားဖမ်းဖို့ စာပျံရောက်လာလို့ပါ ''

" စာပျံ?''

" အင်း.. စာပျံ..အာရုံနဲ့ဆက်နွယ်တာ..ရှင်းရှင်းပြောရရင် စိတ်ချင်းဆက်နွယ်တာပေါ့..အဲ့လိုမျိုးလေး ''

" အော်.. ဗစ်တာ ..အကွာလေဗစ်တာ့ကိုစိတ်မဆိုးတော့ဘူးသိလား..ဒီမှာ အမြီးအစစ်တွေလည်းရှိနေပြီ ကြည့်အုန်း မလှဘူးလား ''

" လှတယ်... ကိုယ်အဲ့တာအကြောင်းစဉ်းစားနေတာ..အကွာက ရေသူမျိုးနွယ်က ဆင်းသက်လာတာမဟုတ်ဘဲ..ကိုယ်နဲ့ မိတ်လိုက်ပြီး..''

" ဟင့်အင်း..အကွာက တကယ်တော့ ရေသူမျိုးနွယ်က ဆင်းသက်လာတာပါ..အကွာရဲ့ အဖေက မင်းကြီးကလေတန်ပါ..အမေက အမ်မီလီပါ..''

" အကွာ..တကယ်ပြောတာလား ''

" ဗစ်တာမယုံရင်လည်း အကွာမတတ်နိုင်ဘူး..အဲ့တာက အမှန်တရားပါ..ပြီးတော့ အဖေမသေသေးဘူး..အခုပလ္လင်ပေါ် တက်နေတဲ့မင်းကြီး.. ဦးရီးတော် မာလေက ဖမ်းဆီးထားတာ..အမေကတော့အကွာ့ကိုမွေးပြီး သေသွားတယ် ''

" အကွာ... ''

" ဒါကို မယုံချင်နေပါ..အကွာက..''

" တကယ်ပဲ မင်းကြီး ကလေတန်က မသေဘူးဆိုရင် သူ့ကို ရှာပြီး ကယ်တင်ရမှာပေါ့ အကွာ..ကိုယ် ယုံကြည်ပေးမယ် ''

ရှောင်းကျန့်သည် နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်ပြီး ဝမ်ရိပေါ်ကို အမှတ်ပေးလိုက်သည်။

သူ့အပေါ်မှာ စောဒကမတက်ဘဲ ယုံကြည်ပေးလို့။

ဗစ်တာရဲ့ ခန္ဓာကိုယ်ကြီးကိုဖက်လိုက်ပြီး အကွာက ပိုပြီး လှလှပပ ပြုံးလိုက်တော့တယ်။

Peculiarly System [Completed ]Where stories live. Discover now