Arc(8.6)

4K 584 21
                                    

¿Luna Villa ကို ဘာကြောင့် အလောတကြီး ဖျက်ဆီးပြင်ဆင်ဖို့လုပ်ရတာလဲ မစ္စတာ ?.

သတင်းထောက်များကလည်း ရောက်ရှိနေပြီး ထိုမေးခွန်းကိုဖြေစေချင်နေကြသည်။

Joseph က ဘာမှ မဖြေဘဲ အလုပ်သမားတွေအနားမှာ စပ်စုနေသည့် Adam ကိုသာ ကြည့်၍ ပြုံးနေသည့် အတွက် သတင်းထောက်များမှာ ဆွံ့အနေရသည်။

သတင်းထောက်များ : ^-^ အခုလိုမျိုး တကူးတကလာရောက်မေးမြန်းခြင်းကို မကြားနိုင်ဘဲ လင်မျက်နှာငမ်းနေတဲ့ ၊ ခွေးစာတွေ ကျွေးနေတဲ့ မြို့တော်ရဲ့ စုံထောက်အကျော်အမော်ကြီးကို ကျွန်တော်တို့/ ကျွန်မတို့က ဘူလီပါမယ် ဟုန့်..ကျေးဇူး ။

သတင်းထောက်များက စိတ်ထဲကနေ မတိုင်ပင်ပါဘဲ ပြိုင်တူတွေးလိုက်မိကြသည်။

ငါတို့က လူတွေပါနော် ။ အာသာ ကျင်းမုတန် ရဲ့ Peculiarly System ကို Vote မပေးဘဲ တိတ်တိတ်လေး ဖတ်နေတဲ့ ဝိညာဉ် Reader တွေမဟုတ်ပါဘူး..။

" ဟဲ့ Lewis ငါ့ကို မြင်ရလား ''

" မြင်တယ် ''

" ဒါဆို ငါ့အသံလည်းကြားရတာပေါ့ ဟုတ်လား ''

" ကြားတယ်လေ Nora ရာ နင်ကြောင်သွားတာလား ဒါမှမဟုတ် စုံထောက်ရဲ့ လင်ငမ်းစကေးမှာ ဦးနှောက်လွတ်သွားတာလား ''

" ဟုတ်တယ် ငါမေးတာ စုံထောက် Joseph မကြားလို့ရယ်ပြီးတော့ ငါ့ကို ရှိတယ်တောင် မထင်ဘူးလေ အဲ့တော့ ငါက ဝိညာဉ်ဖြစ်နေတာများလားလို့တွေးမိလို့ ''

Lewis က Nora စကားကြောင့် ရယ်မိတယ်။ တကယ်လည်း သူတို့က ဝိညာဉ်တွေလိုပါပဲ။ စုံထောက်ကြီးက သူတို့ကို မမြင်ရှာဘူး ။ Adam ဆိုတဲ့ အလုံးကြီးပိတ်နေတယ်လေ ။

သူတို့လို သတင်းထောက်ကလေးတွေ​ကတော့ လက်သည်းကိုက်ပြီး ကြည့်နေရတာပေါ့လေ။ အင်း သူလည်းအပါအဝင်ပဲ။

" Adam ''

" အစ်ကို Joseph ''

" အစ်ကိုတို့ လုပ်နေတာ အယ်လာပေါ်လာဖို့အတွက်လေ အခုထိ သူမက ပေါ်မလာသေးဘူး ''

" အစ်ကို စိတ်ချပါ သူမ မသိသေးလို့ ဖြစ်ပါလိမ့်မယ် အခုမှ အလုပ်သမားတွေက ဖျက်ဆီးဖို့ ပြင်ဆင်နေတုန်းရှိသေးတာလေ''

Peculiarly System [Completed ]Where stories live. Discover now