Arc(7.7)

5.2K 641 31
                                    

တိတ်စမ်း ကီကိုက ငါ့အတွက်ပါဆို..။

ရှီဇုခုက ဘယ်ဘတ်ရင်အုံကို ခပ်ဖွဖွရိုက်ကာ စိတ်ထဲကနေ ပြောလိုက်သည် ။

" ကီကို ဒီကလူကြီးက မင်းကို ချစ်လွန်းလို့ ဘယ်လိုလုပ်ရပါ့မလဲ ''

" ဂျွမ်းထိုးနေလိုက်လေ ''

ရုတ်တရက် ထွက်ပေါ်လာတဲ့ စကားသံက စိတ်ကူးယဉ်ဖို့ အစပျိုးနေသော လူပျိုကြီးရှီဇုခုကို လန့်သွားစေသည့်အပြင် အတွေးတွေပါ လွင့်သွားစေသည်။

" အမလေး..ကုလားမ..''

" ဘာ..ကုလားမလဲ..''

" မဟုတ်ဘူး ကုလား...''

"..ဘာကွ! !''

" မှားလို့ မှားလို့ ဖေဖေက ဘာလာလုပ်ပြန်တာလဲ အလုပ်ပြီးရင် ကျွန်တော် လာပြောမယ်လို့ ပြောထားတယ်လေ ''

မစ္စတာအီရိက ရှီဇုခုကို စိတ်ပျက်သလိုကြည့်ကာ မနိုင်ဘူးဆိုတဲ့သဘောနဲ့ ခေါင်းခါသည်။

" မင်းအလုပ်လုပ်နေတာက ဒါလား တော်တော်ဈာန်ဝင်နေတာပဲနော် ''

" အဟမ်း လုပ်တော့မှာပါ ဖေဖေကလည်း ..ဘာကိစ္စရှိလို့ ပြန်လာတာလဲ ''

" အင်း သတိလာပေးတာ လာမယ့် ရက်သတ္တပတ်မှာ မင်းကို နေရာလွှဲပေးမယ်လို့ ငါပြောထားတာလေ အဲ့ဒါ ဒီနေ့ အလုပ်တွေပြီးအောင်လုပ် မနက်ဖြန်ကစပြီး ကျင့်ဝတ်တွေသင်ယူရမယ် ''

" ဖေဖေ ''

အသက်၃၄နှစ် အရွယ် လူပျိုသိုးကြီးက အခု သူ့ကို့ချွဲနေတာလား ။ အားယိုး ဘယ်လိုတောင် လင်စိတ်သားစိတ်ကုန်ချင်စရာကြီးလဲ ။ ရုပ်ခံလေးရှိလို့သာတော်သေးရဲ့ ၊ ဒါတောင်  သွားလေသူ သူ့အမေနဲ့ ငါ့ရဲ့ ရုပ်ရည်လေးအမွေရထားလို့ ၊ မဟုတ်ရင် လူကြမ်းရုပ်နဲ့လမ်းဘေးက အမှိုက်ပုံးထဲ ခေါင်းစိုက်ပြီး အစာရှာစားတဲ့အရူးနဲ့ နင်လား ငါလား ဖြစ်နေတော့မှာ ။

မစ္စတာအီရိက တွေးနေရင်း တစ်ခါတည်း မျက်စိထဲတွင် ပုံဖော်ကြည့်ပြီး ဟက်ခနဲ ရယ်လိုက်မိကာ ကိုယ့်ကိုယ်ကို ပြန်ထိန်းလိုက်သည်။

သားဖြစ်သူ ကျပ်မပြည့်တဲ့ Alpha က သူ့အား အထူးတဆန်း ကြည့်နေပြန်တာမို့ မျက်နှာပိုးပြန်သတ်ရသည်။

Peculiarly System [Completed ]Where stories live. Discover now