Arc(1.2)

12.6K 1.1K 42
                                    

[Host OOC OOC!!!]

ဝမ်ဆေးထည့်ပေးနေတုန်း ကြားလိုက်ရသည့် Systemအသံကြောင့် ပရင်းလန့်သွားရသည်။

"ဘာ OOC လဲ System ''

[ပရင်း  က တောကတက်လာတဲ့တောသား
ပြီးတော့ စွာကလိမာကလာ မယဉ်မကျေး
အရိုင်းတုံးလေး ပြီးတော့ ရိုးသားတယ် စကားကို ဘောက်ဆတ်ဆတ်ပြောတယ် အခုကျတော့ Host က ယဉ်ကျေးနေတယ် ]

"သြော ငါနားလည်ပြီ ဒါနဲ့ မင်းက နာမည်ရှိလား ''

[ဘာလုပ်မလို့လဲ Host ကျွန်မက နာမည်ရှိ အဲလေ မရှိပါဘူး ]

"မင်းကို အရှုပ်ထုပ်မ လို့ခေါ်မလို့ဟေ့ ''

[Host ကျွန်မကို ရန်စွာနေမယ့်အစား Points ရအောင် ရှေ့ကလူကို စွာပစ်လိုက်ပါ ]

"သူက ငါ့ကို ကူညီပေးတာလေ ငါကသူ့ကို ဘယ်လိုစွာရမှာလဲ ကျေးဇူးမတင်တဲ့အပြင်ဖင်လှန်ပြသလိုဖြစ်နေမှာပေါ့ ''

[ပြသင့်ရင်ပြရမှာပဲ Host Points ရဖို့အတွက်ပဲအရေးကြီးတယ် ဟုတ်တယ်မလား ]

"မင်းမှန်ပါတယ် ငါလုပ်လိုက်မယ် ''

ရှောင်ကျန်းသည် ပရင်း၏ Mood အပြည့်သွင်းကာ စိတ်ကို ကြိမ်ဖန်များစွာ အားတင်းလိုက်သည်။

*ငါက တောသား ငါကစွာတယ် ငါက ပရင်းပဲ
ဟုတ်တယ် *

ဝမ်သည် ဆေးထည့်ပေးပြီး မိန်းမငယ်လေးအား မော့ကြည့်လိုက်သည် ။

မျက်နှာကြည်ကြည်လေးနဲ့ သူမက သိပ်ကိုချောပြီး ချစ်ဖို့ကောင်းသည်။

အလိုမကျစွာ တွန့်ချိုးနေတဲ့ မျက်ခုံးအစုံက နက်မှောင်ထူထဲသည်။ နှင်းဆီဖူးနူတ်ခမ်းလွှာက စွဲမက်စရာပင်။

ကြည့်နေရင်း ရင်ဘတ်ထဲက လှုပ်ခတ်သွားသည်ကိုသတိထားမိလိုက်သည်။

"ဟိတ် ပြီးပြီ ''

ကိုယ့်ကိုယ်ကို စိတ်ထိန်းချုပ်ပြီး အတွေးနယ်ကျွံနေတဲ့သူမအား သတိပေးလိုက်သည်။

"အာ ပြီးပြီလား ကျေးဇူးပဲ သွားခွင့်ပြုပါအုန်း ဒါနဲ့ ခင်ဗျားကို လမ်းကြုံရင် ကျေးဇူး ပြန်ဆပ်မယ် ''

ဝမ် ဆွံ့အသွားရသည် ။ ကျေးဇူးဆပ်တာတောင် လမ်းကြုံမှတဲ့လား ။

Peculiarly System [Completed ]Where stories live. Discover now