Arc(2.1) Zhang Xu Guang

14.9K 1K 28
                                    

Zawgyi

[System က သင့်အတွက် ကျပမ်းရွေးချယ်မှု အောင်မြင်စွာ ပြီးဆုံးပါပြီသင့်အတွက် ကမ္ဘာအဆင့်ဆင့်ကို မကြာမီတွင် ပို့ဆောင်ပါတော့မယ် အဆင်သင့်ဖြစ်ပြီလား ]

အင်း ဖြစ်ပြီ

[ဟုတ်ကဲ့ Arc Round 2အတွက် 2nd World စတင်အသက်သွင်းပါပြီ ]

Loading.....0...5.....10.......50...75...82..99...100

[Second World အသက်သွင်းမှုအောင်မြင်ပါပြီ ]

ရှောင်းကျန့်သည့် ယခု လောလောဆယ် ဘာမှ မပြောနိုင်အောင် ပတ်ဝန်းကျင်ကို အထူးအဆန်းသဖွယ် ကြည့်နေသည်။ ရှေးဟောင်းအသုံးအဆောင်ပစ္စည်းများဖြင့် လွှမ်းခြုံနေသည့်ဝန်းကျင်အသိုင်းအဝိုင်း။

"ငါအခု ရှေးကျတဲ့ကမ္ဘာတစ်ခုကိုရောက်လာတာပေါ့ ငါက ဘယ်စံအိမ်က
သခင်လေးများလဲ
ငါ့ရုပ်ရည်က ဘယ်လိုနေမလဲ''

အတွေးများနဲ့ ကြေးမုံဝါဝါထက်က မိမိမျက်နှာအား ကြည့်မိသည်။

"ဟမ် ခေါင်းမှာပက်တီးကြီးနဲ့ သည်လူတော်တော်ဆော့တာပဲ ရုပ်ရည်က ချောတယ် မဆိုးဘူး ငါလောက်နီးပါးပဲ ''

မကြာမီတွင် System ၏ အသိပေးချက်ရောက်ရှိလာသည်။

[ယခုကမ္ဘာမှာ သင်ဟာ ဗီလိန်တစ်ယောက်ဖြစ်တဲ့ ကျန်းရွှီကွမ်းကိုယ်ထဲကိုရောက်နေတာပါ]

ဟမ်....အင်း ဟုတ်ပါပြီ ကျန်းရွှီကွမ်းရဲ့ အကြောင်းကို ပြောပြပေးအုန်း

ဗီလိန်မို့ စိတ်အနည်းငယ် ညစ်သွားရသော်လည်း တအားကြီး မဆိုးလောက်ပါဘူးဟုတွေးမိတာကြောင့် ရှောင်းကျန့်ကတော့အေးဆေးသာပြန်ဖြေမိသည်။

[ဟုတ်ကဲ့ System က အချက်အလက်များကို သင့်ထံ စတင်ပို့ဆောင်ပေးပါတော့မယ် ]

Loading Please Wait A Few Minutes

ရှောင်းကျန့်သည် မိမိခေါင်းထဲရောက်လာသည့် ရွှီကွမ်းဇာတ်ကောင်၏ အကြောင်းကို သိလိုက်ရသည့်အခါ မိုးကြိုးတွေ နွလေယ်ခေါင်မှာ တဒိုင်းဒိုင်းတအိုင်းအိုင်း ပစ်ချခံလိုက်ရသလို ခံစားရသည် ။

သည်ကမ္ဘာ၏ ဇာတ်လိုက်သည် ရှင်ဘုရင်တစ်ပါးဖြစ်သည်။ ငယ်ရွယ်ထက်မြက်တဲ့ ရှင်ဘုရင်ဖြစ်သလို
အာဏာစက်ကပြင်းသည်။ ရက်စက်စွာပြစ်ဒဏ်စီရင်သည်။ ဇာတ်လိုက်မသည် ချောမောလှပ နူးညံ့သော အလှလေးဖြစ်ပြီး ရှင်ဘုရင်၏ ချစ်ခြင်းမေတ္တာကိုအပြည့်အဝရရှိထားသူဖြစ်သည်။

Peculiarly System [Completed ]Where stories live. Discover now