Arc(8.9)

3.4K 458 24
                                    

လွန်ခဲ့တဲ့ နာရီအနည်းငယ်က ။

တံခါးဖွင့် ဖွင့်လိုက်စဉ် မှောင်မဲနေတဲ့အခန်းထဲက ထွက်လာတာက ဖုန်နံ့တွေဖြစ်ပြီး မီးခလုတ်ကိုဖွင့်ဖွင့်ချင်းမြင်ရတာက အခန်းထဲမှ ပစ္စည်းတွေ နဲ့ အရာရာကို ဖုံးလွှမ်းထားသည့် တစ်ထွာလောက်ဖုန်ထုကြီးပင်ဖြစ်သည်။

"အဟွတ် အဟွတ် ''

အဆက်မပြတ် ဖုန်သီးနေတဲ့ ကလေးငယ်ကြောင့် ဂျိုးဇက်ပ်က ဒေါသအနည်းအကျဉ်းထွက်လာ၏..။

" အယ်လာ မင်းအခန်းက တက်နေတဲ့ ဖုန်တွေကြောင့် ငါ့ကလေးလေး အသက်ရှုကျပ်နေပြီ ''

ဂျိုးဇက်ပ်စကားကြောင့် အယ်လာရဲ့ သရဲမျက်နှာလှလှလေး လငပုပ်ဖမ်းသွားရ၏။

သရဲမကို သူက သန့်ရှင်းရေးလုပ်တဲ့သူလို့အောက်မေ့နေတာလား။
အဟမ်း ငါက သရဲမပါနော် သရဲမပါလို့။
လူတွေအများကြီး သတ်ပြီး အခုထိမကျွတ်လွတ်သေးတဲ့ သရဲမအဆိုးအဆာအပေအတေလေးပါလို့ ။ တဆိတ်လောက် ဒီ လူသားကြီးကို ငါ့ကိုယ်စားအော်ဟစ်ပြီးရှင်းပြမပေးချင်ကြဘူးလား ။ ငါအတော်လေးခံစားနေရလို့ပါ အရပ်ကတို့ရဲ့။

အယ်လာက ရင်ခေါင်းသံကြီးဖြင့် အော်ဟစ်ကာ စိတ်ထဲကနေ ငိုကျွေးနေမိသည်။

" ကျွန်တော်အဆင်ပြေတာမို့ အစ်ကို စိတ်မပူပါနဲ့နော် ''

အံမလေး ကယ်တင်ရှင်လေးရယ် ကျေးဇူးပဲ သိလား။

အယ်လာရဲ့ မျက်နှာက ပြန်လည်ပြုံးယောင်သန်းလာပေမယ့် ကြာရှည်မခံလိုက်။ ဂျိုးဇက်ပ်၏ ထပ်မံဆိုလာတဲ့စကားကြောင့် သူမက ချက်ချင်း မဲ့သွားရသည်။

" ဟုတ်ပါပြီ ကိုယ့်ရဲ့ ကလေးက ကမ္ဘာပေါ်မှာ နားလည်မှုအရှိဆုံးနဲ့ သူတစ်ပါးစိတ်ချမ်းသာအောင်ပြောတတ်တဲ့ ကိုယ့်ရဲ့ တစ်ဦးတည်းသော ချစ်ရသူလေးပဲ တစ်ချို့တစ်ချို့တွေနဲ့ကွာပါ့..အခန်းတောင် ဖုန်မရှင်းတဲ့ စိတ်ပုပ်သရဲမတွေလိုဟာမျိုးတွေလေ..အဟင်း ''

အော် အစ်ကိုကြီးက လိပ်ကြီး နော် ။ငါ ဂုတ်ချိုးပြီးသတ်လိုက်ရရင် မကောင်းရှိတော့မယ်။  ဒီလိပ်လိုလူသားကြီးကို ငါကင်းမြီးကောက်ထောင်ပြီးများ ဇောက်ထိုးဂျွမ်းပစ်ပြီး မေတ္တာသက်ဝင် ချစ်ကျွမ်းဝင်ခဲ့မိတာလား။ အမယ်လေး လွန်ခဲ့တဲ့ အချိန်ပေါင်းများစွာကိုပြန်ရစ်ပြီး ကိုယ့်ကိုယ်ကို ပါးသွားရိုက်ချင်လို့ပါ ။ အဟီး..။(ရယ်တာမဟုတ်ဘူးဟဲ့ ငါငိုနေတာ)
ကယ်တင်ပေးကြပါ ။ ဒီလူသားနှစ်ယောက်ကြားမှာ ငါဆက်နေရင် သရဲမဘဝကနေဘယ်ဘဝကိုကူးရမှန်းမသိဖြစ်တော့မယ်။

Peculiarly System [Completed ]Where stories live. Discover now