Arc(5.10)

5.8K 661 16
                                    

ပိုင်ဝူရိသည် အတန်ကြာသည်အထိ နာကျင်မှု မခံစားရတာကြောင့် မျက်လုံးဖွင့်ကြည့်လိုက်စဉ် ဓားရှည်က မြေပြင်တွင် စိုက်ထားသည် ကို မြင်လိုက်ရသည်။

"ဝေ့ဝေ့ တွေဝေနေတာလား ''

ပိုင်ဝူရိ၏ မေးခွန်းကြောင့် ရှောင်ကျန့် မချိပြုံးလေးပြုံးလိုက်သည်။  သူသာ ကျိုးဝေ့ဖုန်း ဆိုရင် သတ်မိမှာ မှန်ပေမယ့် System က ဇာတ်လိုက်ကို သတ်ရင် ပစ်ဒဏ်သင့်မှာဟု Kitty က အချိန်မီသတိပေးလာသည့်အတွက် သူ မသတ်ဘဲ ဓားကို မြေပြင်တွင် ထိုးစိုက်ပစ်လိုက်ခြင်းဖြစ်သည်။

" ဝေ့ဝေ့ မင်းပဲကိုယ့်ကိုကလဲ့စားချေချင်နေခဲ့တာမဟုတ်လား ''

"အ အရှင် ''

"ကိုယ်အားလုံးသိပြီးပါပြီ အခု ကိုယ်မင်းကို အခွင့်အရေးပေးနေတယ်လေ ကိုယ့်ကို သတ်လိုက်ပါ ''

"......''

'သတ်ချင်တာပေါ့ ဒါပေမယ့် ပြစ်ဒဏ်ထိမှာ ငါလေးကြောက်တယ်လို့ ဇာတ်လိုက်ကြီးရဲ့ '

ရှောင်းကျန့်သည် စိတ်ထဲကနေ အော်ဟစ်ပြောဆိုနေရင်း အပြင်ဘက်ကတော့ အသံတစိုးတစိမျှထွက်ကျမလာခဲ့ပေ။

" ဝေ့ဝေ့ ''

"သွားပါတော့ အရှင် ကျွန်တော်တစ်ယောက်တည်းနေချင်တယ် ''

" ......''

ပိုင်ဝူရိက ကျိုးဝေ့ဖုန်းကို မျှော်လင့်တကြီးကြည့်ဖူးခဲ့သော်လည်း အခုတော့ မျှော်လင့်ချက်မဲ့သော မျက်လုံးများနှင့် တမေ့တဆွေး ငေးမောကာ လှည့်ထွက်သွားရသည်။

ထွက်သွားတဲ့ ပိုင်ဝူရိ၏ ရွှေဝါရောင်ကျောပြင်အား ငေးကြည့်နေသော ကျိုးဝေ့ဖုန်းက နန်းဆောင်အနီး အုတ်တံတိုင်းနားမှသစ်ပင်ပေါ်က လူတစ်ဦး၏ စူးရှသော အကြည့်တို့အား မသိခဲ့ပေ။

----*----*----*----*

တောက်ခေါက်ကာ စားပွဲပေါ်က စားသောက်ဖွယ်များကို တိုက်ချပစ်လိုက်သည်။

" ရှောင်ဖုန်း မင်းက ပိုင်ဝူရိကို သတ်ဖို့တောင် လက်တွေတွန့်ဆုတ်နေပြီပေါ့လေ''

"မင်းမသတ်ရင် ငါကိုယ်တိုင်က သတ်မှာ ရှောင်ဖုန်း ''

ခန်းဆောင်ထဲမှာ လေထုကအေးစက်လျက်ရှိကာ တစ်စုံတစ်ဦး၏ ဒေါသပေါက်ကွက်နူန်းလည်းမြင့်မားနေခဲ့သည်။

Peculiarly System [Completed ]Where stories live. Discover now