Arc(8.7)

4.1K 464 24
                                    

" အစ်ကိုရိပေါ် ''

Space ထဲမှာ တိတ်ဆိတ်နေမှုကိုစတင်ဖြိုခွင်းသူက Kitty ခေါ် မော့ယွဲ့ဖေး။

" အင်း မော့ယွဲ့ဖေးက ကိုယ်တော့်ကို အလောတကြီး ဘာကြောင့်ခေါ်တာလဲ''

Kitty က တစ်ခုခုကို စဉ်းစားနေဟန်ဖြင့် ရိပေါ်ကို မေးခွန်းထုတ်ဖို့ ကြိုးစားနေသည်။

" အစ်ကို ပထမ Arc တုန်းက အစ်ကိုဝင်တဲ့ခန္ဓာကိုယ်က ပရာစဝ်ဝမ် မဟုတ်လား?? ကျွန်တော်မှတ်မိသလောက် အဲ့ဒီဝတ္ထုထဲမှာ ဂျော့ဝီလ်ဆင်ဆိုတာမပါဘူးလေ  ''

ရိပေါ်က Kitty အမေးကို ခေါင်းတစ်ချက်ညိတ်ကာ ပြန်ဖြေလာ၏။

" ဟုတ်တယ် အဲ့ဒီတုန်းက စဝင်ဝင်ချင်း ပရာစဝ်ဝမ် ကိုယ်ထဲရောက်ခဲ့တာ ဒါပေမယ့် သူက အချစ်မစစ်ဘူးကွ အားဖေးရ ''

" အော် အဲ့တာကြောင့် တိမ်မြူသခင်အန်းလော့ က အစ်ကိုရှောင်းကို ပရာစဝ်ဝမ် အကြောင်းမပြောခင် Space ထဲဆွဲခေါ်လိုက်တာပေါ့''

" ဟုတ်တယ် အန်းလော့ကို Space ထဲ ပြန်ခေါ်ပြီး အဲ့ဒီ ရွှေစံအိမ်ရဲ့အရှင်သခင်ဇာတ်လမ်းထဲက ဖြူဖြူစင်စင်နဲ့ ပရင်းအပေါ် ချစ်နိုင်မယ့်သူရှာကြည့်တာ အဲ့တာ မတွေ့ဘူး ''

" ကျွန်တော်သဘောပေါက်ပြီ အန်းလော့က အစ်ကိုရိပေါ်အတွက် ဇာတ်ကောင်အသစ်ဖန်တီးပေးတာ အဲ့တာ ဂျော့ဝီလ်ဆင်ပဲ ဟုတ်တယ် ဟုတ် ??''

" အမှန်ပဲ ''

" အဲ့တာကြောင့် အန်းလော့ကို စည်းကမ်းအရ အပြစ်ပေးတယ် အဲ့ဒီမှာ 2nd Arc အတွက် System တစ်ယောက်ပြောင်းသွားခဲ့တာပေါ့ ''

" ဟုတ်တယ် ဘယ်ဆိုးလို့လဲ ငါ့ညီလေး အားဖေးက တော်လိုက်တာ ထက်မြက်တဲ့ တန်ခိုးရှင်မော့ယွဲ့ဖေးဆိုတာ အလကားကျော်ဇောတာမဟုတ်ဘူးပဲ ''

" အစ်ကိုရိပေါ် ရဲ့ ညီပဲလေဗျာ ..ဒါနဲ့ 2nd Arc ရဲ့ System က စစ်နတ်ဘုရားမချူးမန့်ထော်မဟုတ်လား ''

" ဟုတ်တယ် အားဖေးသိတဲ့အတိုင်းပဲ၊ သူမ စကားပြောဆိုပုံက အရမ်းတိုတောင်းလွန်းတယ် ကျန့်လေးနဲ့ အဆင်ပြေမှာမဟုတ်ဘူး ကျန့်လေး ပျင်းနေမှာပေါ့ ''

" အော် အင်းပါ နောက်ဆုံးတော့ ဟောဒီ မော့ယွဲ့ဖေးက အရာရာကိုနားလည်တော်မူပါပြီ အစ်ကိုရိပေါ်က ကျွန်တော့်ကို အစ်ကိုရှောင်းနဲ့ အဆင်ပြေစေချင်တာရောတွေးဆပြီး အခုလို ခြေပုတိုအမြီးပုတိုကြောင်ဝတုတ်ဘဝကို ဖန်တီးလိုက်တာပေါ့ ဟုတ်တယ်မလား ''

Peculiarly System [Completed ]Kde žijí příběhy. Začni objevovat