Real Life Ending Up (Truly End)

2.5K 196 24
                                    


ယနေ့တော့ ရှိန်ရှန်းပြည်တော်က အမတနတ်ဘုရားတွေနဲ့ နတ်သူငယ်တွေဟာ အလုပ်ရှုပ်နေကြ၏။

ဧကရာဇ်က ကြင်ယာတော် အဲမှားလို့ ဧကရီနဲ့အတူ ထျန်းခုံးလော့ဥယျာဉ်မှာ ရွှေအဆင်းရှိတဲ့ နတ်ကြာပန်းတို့ပွင့်လန်းလာတာကို ရှု့စားမလို့ပါတဲ့။

ပြည်တော်အတွင်းမှာ ပန်းပေါင်းစုံခင်းကျင်းမှုန်းခြယ်ကာ နံ့သာရည်တွေပက်ဖျန်းမွှေးကြိုင်စေပြီး ကောင်းကင်တစ်ခွင်က လေထုသည် ချိုကြည်လတ်ဆတ်နေလေရဲ့။

" ငါ့အရှင်ဝမ် ''

မြတ်နိုးရပါသော စစ်နတ်ဘုရားက ဓားရှည်ကို ပစ်ပယ်ကာ သူ့ရင်ခွင်အတွင်းခိုလှုံဖို့ ဆုံးဖြတ်လိုက်ပါပြီတဲ့။

မြတ်နိုးသူဟာ ပိုင်ဆိုင်မှုကို ကြွားဝါရန်အလို့ငှာ ၊ အများသူငါကို ဧကရာဇ်က စစ်နတ်ဘုရားရှောင်းကျန့်၏ ပိုင်ဆိုင်မှုဖြစ်ကြောင်းသိရှိစေရန်အတွက်ငှာ ''ငါ့အရှင်ဝမ် '' ဟူသော နာမ်စားလေးနဲ့ခေါ်ဝေါ်သမုတ်ကင်ပွန်းတပ်ပါ၏။

ရွှေရောင်ခြည်ထိုးထားသော ဇာမဏီငှက်၏ ကကြိုးဆင်နေဟန်သည်ကာ အပြာရောင်ဝတ်ရုံအပေါ်မှာ တင့်တယ်လှပေစွ။ ထိုဝတ်ရုံသည် စစ်နတ်ဘုရား၏ ခန္ဓာကိုယ်ပေါ်မှာ ဆင်ယင်ခြုံလွှမ်းခံရသောအခါ ပို၍ပင် အသရေတင့်ရွှန်းသွားစေပါရဲ့။

ရွှေရောင်နဂါးဝတ်ရုံကို ဆင်မြန်းသည့် ဧကရာဇ်ဝမ်က မြတ်နိုးရတဲ့ နတ်ဘုရား၏ လက်ကိုစတင်ဆုပ်ကိုင်လိုက်ရင်း အပြုံးနုလေးဖြင့် ငြင်သာတင့်တယ်စွာ ပြုံးသည်။

" ဘာပြောချင်ပါသလဲ ဧကရီ ''

" ငါ့အရှင်ဝမ် ဒီနေ့မှာ အရမ်းကို ကြည့်ကောင်းနေပါတယ် ''

" ကိုယ်တော့်ရဲ့ ဧကရီက ဒီနေ့မှာ သိပ်ကို တင့်တယ်လှပနေပါတယ် ''

တစ်ယောက်နဲ့တစ်ယောက် ကြည့်ပြီး ပြုံးရယ်မိကြပေမယ့် ဘာစကားတစ်ခွန်းတစ်လေမှ ထပ်မပြောမိကြတော့ပေ။

အတူတူ လက်တွေကိုတွဲလို့ ခန်းဆောင်ထဲက ထွက်လာတဲ့အခါ စောင့်နေတဲ့ မော့ယွဲ့ဖေးနဲ့လီမုရုံတို့နှစ်ဦးကို မြင်လိုက်ရသည်။

You've reached the end of published parts.

⏰ Last updated: Jul 30, 2023 ⏰

Add this story to your Library to get notified about new parts!

Peculiarly System [Completed ]Where stories live. Discover now