Arc(4.6)

7.7K 760 22
                                    

"အိုး Sorry နော်  ''

ခပ်မဲ့မဲ့ အပြုံးနဲ့သာ မထိတထိ ဆိုလိုက်သူက ဂျွန်ဆန်း ။
တစ်ဖက်လူက သူ့ရဲ့ Shirt အဖြူလေးပေါ်မှာပေကျံသွားသည့် ရေခဲမုန့်က ခရင်မ်တွေအား တစ်ရှူးနဲ့ သုတ်နေရင်း ပြန်ဖြေသည် ။

"ရပါတယ် မတော်တဆဖြစ်တာပဲ ''

" ကျွန်တော်က တမင်တကာလုပ်တာ''

"ဘာ မင်း! ! ဟမ်?  "

ယခုမှ ခေါင်းမော့လာသည့် တစ်ဖက်လူက စိတ်တိုနေရင်းမှ သူ့အားမြင်မြင်ချင်း
အချိုးပြောင်းသွားသည်။ ရှောင်းကျန့်က သတိထားမိတာကြောင့် မြေခွေးပြုံးကြီးကို ချိတ်ဆွဲလျက် ခပ်ထေ့ထေ့ကြည့်နေသည်။

"ဂျွန်ဆန်း ဘယ်လိုရောက်လာတာလဲ ''

သူ့၏ မေးခွန်းကို မျက်ခုံးလေးပင့်လိုက်ပြီး မထီမဲ့မြင်ကြည့်လာသူလေးအား မျက်နှာကို ဆွဲကာ အာဘွားအကြိမ်တစ်ထောင်လောက်ပေးချင်စိတ်တွေဖြစ်လာရသည်။

ချစ်ဖို့ကောင်းလိုက်တာ Baby ရာ

"အင်း ဒီမှာ အမြဲလာထိုင်နေကျလေ စိတ်ညစ်တိုင်း ''

"အခုရော စိတ်ညစ်နေတာလား ''

"အင်း ''

မြည်သံရှည်ဆွဲကာ ဘေးမှာ ဝင်ထိုင်လိုက်သည့် ဂျွန်ဆန်း ။

ကန်ရေပြင်ဘက်လှည့်ထားသည့် နှစ်ယောက်ထိုင်ခုံလေးသည် အခုတော့ပြည့်စုံသွားတော့သည်။

လေညှင်းလေးက ကန်ရေပြင်ကိုဖြတ်ပြီးတိုက်ခတ်လာတာမို့ အေးအေးလေး။

ဘာမှမပြောဘဲ ဘေးမှာ ဝင်ထိုင်ပြီး ကန်ရေပြင်ကိုသာ ငေးကြည့်နေသည့် ဂျွန်ဆန်း မျက်နှာက ဒုံဆူအတွက် ကမ္ဘာမှာ အလှဆုံး ပန်းချီကားချပ်လေးသဖွယ်။

"ဘတ်ဒုံဆူ ''

ခေါ်လာတဲ့ လေသံက ငြိမ့်ညောင်းတဲ့တေးသံလို ဒုံဆူ နားထဲမှာ ရိုက်ခတ်သွားသည်။

ဘာပြောလာမလဲလို့ ဆက်ပြီး နားစွင့်နေမိသည်။

"အချစ်ကို ဘယ်လိုမြင်လဲ ''

"....???''

"ကျွန်တော်ပြောမယ် ကျွန်တော့်မှာ ချစ်ရတဲ့သူရှိတယ် ''

Peculiarly System [Completed ]Where stories live. Discover now