Arc(13.8)

1.6K 219 1
                                    

ခရစ်စတန်ဟာ မိဘတွေရဲ့စီစဉ်ပေးမှုကြောင့် စိတ်ပျက်စရာကောင်းတဲ့ ဒိတ်ကြီးကို လက်ခံလိုက်ရတယ်။

ခက်ခဲတယ် ဆိုတာထက်ပိုပြီးခက်ခဲတယ်။
ဒါပေမယ့် ဇာတ်လိုက်မကို သူတစ်ခါမှ မမြင်ဖူးသေး​တာကြောင့် တွေ့ကြည့်ချင်တဲ့စိတ်ကလေးက နည်းနည်းတော့ ရှိနေတယ်ပေါ့။

အခုထိ ကဖေးဆိုင်ကို ရောက်မလာသေးတဲ့ ဂျက်စီကာကို နည်းနည်းလေး စိတ်တိုမိပေမယ့် ကိုယ့်မှာလည်းအချိန်တွေပေါနေပါတယ်လေဆိုပြီး ဖြည့်တွေးပေးထားရတယ်။

" ဂျက်စီကာဘလက်စကတ်ပါ ရှင်က ခရစ်စတန်?''

ခရင်ကော်ဖီကို တစ်ချက်ငုံလိုက်တဲ့အချိန် အသံကြည်ကြည့်လေးတစ်ချက်ကို ကြားလိုက်ရသည်မို့ မော့ကြည့်လိုက်သည်။

သူမကိုခဏလေးမြင်လိုက်ရတဲ့အခိုက်အတန့်က ကြယ်တွေလတွေကြွေသွားသလိုမျိုး ခံစားရတယ် ။

သူမက သိပ်ကိုလှတယ်။ ဝါရွှေရောင်အသားအရည်နဲ့ ဝတ်ပုံစားပုံကလည်း elegant ဆန်တယ်။

စတိုင်ပန့်လေးနဲ့ tunk top ကို ဝတ်ဆင်ထားတဲ့အတွက် သူမရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းကလည်း သိပ်ကို ရှုမငြီးနိုင်တဲ့အလှတရားလေးလို့ ပြောလို့ရတယ် ။

ဇာတ်လိုက်က သဘောကျတာလဲမပြောနဲ့ ။
ဇာတ်လိုက်မက မိုးနတ်မင်း အချိန်အတော်ကုန်အောင်ဖန်ဆင်းထားခံရတဲ့အလှတရားမျိုးလေး။

" ခရစ်စတန်က ကျွန်မကိုဒီအတိုင်းကြည့်နေတော့မှာလား ''

" အာ..အဟမ်း ထိုင်ပါဗျာ''

သူမက တအားကို ရင့်ကျက်သည့်စတိုင်ပင်။
အရှေ့မှာ နေရာယူထိုင်ပြီး စားပွဲထိုးကို ခေါ်ကာ သူမစားချင်တဲ့ ကိတ်နဲ့သောက်ချင်တဲ့ကော်ဖီကို မှာနေသည်။

အပြုအမူတစ်ခုချင်းစီတိုင်းမှာ ကိုယ့်အပါအဝင်ယောက်ျားသားအားလုံးလည်ပြန်ငေးရလောက်အောင် ဆွဲဆောင်မှုရှိနေသည်။

" ကျွန်မမိဘတွေကို ကျွန်မကငြင်းပါတယ်၊ ဒါပေမယ့် သူတို့က တအားစီစဉ်နေတော့ ကျွန်မနည်းနည်းလေး စိတ်ညစ်မိတယ် ''

Peculiarly System [Completed ]Where stories live. Discover now