Arc(4.8)

6.9K 727 11
                                    

မင်္ဂလာပွဲကို အမြန်စီစဉ်လိုက်သည့် ဘတ်ဒုံဆူကိုဆောဂျွန်ဆန်းအနေနဲ့ လက်ဖျားခါအံ့သြနေရသည်။

အကြားအလပ်မရှိအောင် အကွက်စေ့လုပ်ဆောင်နိုင်သော ဘတ်ဒုံဆူကို မအံ့သြလို့မရပေ ။

"ပင်ပန်းသွားပြီ ကိုယ့်ရဲ့ Baby လေး ''

ခေါင်းလေးကို ပုတ်လို့ ပြောလာသည့် ဒုံဆူရဲ့အသံက ပျော်ရွှင်နှစ်လိုမှုတွေနဲ့မို့ ဂျွန်ဆန်းက နက်ရှိုင်းစွာ ပြုံးလိုက်ကာ ဆက်ပြောသည်။

"ဟင့်အင်း မပင်ပန်းပါဘူး ပျော်နေတာ အခုလို အစောကြီး လက်ထပ်လိုက်တာ ကောင်းတာပဲလေ ခဏနားပြီးရင် ရေချိုးတော့နော် Dinner Party ကျန်သေးတယ် ''

မင်္ဂလာကုတင်ပေါ်မှာထိုင်နေသည့် သူလေးဘေးမှာဝင်ကာနေရာယူရင်း ကျီစယ်နောက်ပြောင်စကားကို ဒုံဆူက ဆိုပြန်သည်။

"အင်း အတူတူ ချိုးကြမလား ကိုယ်ဘာမှမလုပ်ဘူး ကတိပေးတယ် ''

"ဘယ်သူက ဘာပြောနေလို့လဲ သွား အရင်ဝင်နှင့် ပြီးမှ လိုက်ခဲ့မယ် ''

"အင်း ရေချိုးခန်းတံခါးကို Lock မချတော့ဘူးနော် အဲ့တာဆို ''

"အင်းပါ သဘော ''

"နေအုံးလေ အခု မချိုးသေးဘူး အနားယူအုန်းမယ် ''

"အင်း နားလေ ကျွန်တော်ကတော့ ဗိုက်ဆာလို့ အရင်ဆုံး တစ်ခုခုစားအုံးမယ် ''

"အင်း အများကြီး မစားနဲ့နော် ဗိုက်ပြည့်နေရင်ပင်ပန်းတယ် ''

"အော် အင်းပါ ''

ဒုံဆူက အိပ်ယာပေါ်မှာ လဲလျောင်းရင်း ခဏအနားယူလိုက်သည်။

............

ညနေခင်း မှာ အလုပ်သမားတွေ ပါတီအတွက် အလုပ်ရှုပ်နေကြသည်။

"ဂျွန်ဆန်း ''

"အင်း ''

"ကိုယ်နဲ့ ထာဝရလက်တွဲသွားမယ်မလားဟင် ''

"အင်း ဒါပေါ့ ''

အိမ်ပေါ်ထက်ဝရံတာမှ ပါတီခင်းကျင်းရာအိမ်ရှေ့ကွင်းပြင်ကို ငေးကြည့်ပြီး စကားတွေပြောနေစဉ် ဒုံဆူထံ ဖုန်းဝင်လာသည်။
ဖုန်းနံပါတ်ကိုမြင်ပြီးတဲ့နောက် နှစ်ယောက်စလုံး မတိုင်ပင်ပါဘဲ ပြုံးလိုက်မိကြသည်။

Peculiarly System [Completed ]Where stories live. Discover now