Arc(8.4)

3.9K 514 4
                                    


Luna Villa ကပြန်လာကတည်းက Adam နဲ့ Maple က တိတ်ဆိတ်ကာ အတွေးများနေကြသည်။

Kitty ပြောပြချက်အရ Luna Villa မှာတုန်းက သရဲမက သူနဲ့မေပယ်လ်အနားမှာ တစ်ချိန်လုံး ရှိနေခဲ့တာတဲ့ ။

နောက်ပြီး သရဲမရှာနေတဲ့ သူမရဲ့သူဋ္ဌေးနဲ့ သူဋ္ဌေးကတော်လောင်းက မေပယ်လ်နဲ့ ဂျိုးဇက်ပ် ဆိုတာပဲ ။

ပြီးတော့ လူသတ်လက်ကလည်း သူဝင်ထားတဲ့ ပိုင်ရှင် အဒမ်ပဲ ။

အဒမ်ကို အကူအညီတောင်းထားတဲ့ သူမရဲ့ တောင်းဆိုချက်က ဘာလဲဆိုတာ သူအခုထိစဉ်းစားမရသေး ။

ဒီအတိုင်းဆိုရင် သူက ဂျိုးဇက်ပ်နဲ့ မေပယ်လ်ကို သတ်ပေးရမှာလား ။

' Kitty ငါ Luna Villa ကို တစ်ယောက်တည်းပဲ သွားသင့်သလား သရဲမအယ်လာနဲ့ဆွေးနွေးဖို့ '

' အင်း သရဲမက ထူးဆန်းတယ်ဗျ သူမက ကျွန်တော့်ကို မြင်ရတယ် '

' သရဲမက မင်းကိုဘာတွေပြောသေးလဲ သူနဲ့ပတ်သတ်ပြီး မင်းဘာသိနိုင်မလဲ စုံစမ်းကြည့်ပါလား System ရဲ့အကူအညီနဲ့ '

' အင်း ကျွန်တော် စုံစမ်းကြည့်မယ် '

Kitty ထွက်သွားတဲ့အချိန်မှာ အဒမ်က မေပယ်လ်ကို ကြည့်လိုက်တယ် ။ သူမပုံစံက တွေတွေကြီးဖြစ်နေတာ သိပ်ထူးဆန်းမနေဘူးလား..။

" Maple ဘာဖြစ်နေတာလဲ ''

" ဟင့်အင်း ငါပြန်တော့မယ် ''

" အော် အေးအေး..''

မေပယ်လ်က ပြန်သွားပေမယ့် ထူးဆန်းနေတာကြီးကိုအခုထိ သူခံစားနေမိသေးတယ်။

" Ella? "

အဒမ်က တစ်ခုခုကို သတိရသွားသလိုဖြင့် မေပယ်လ်နောက်ကို ပြေးလိုက်သွားတော့သည်။

ထူးဆန်းနေတာ သူခံစားရတာမဟုတ်ဘူး မေပယ်လ်က တကယ်ထူးဆန်းနေတာ..။

လမ်းလျှောက်ပြီးသွားတဲ့မေပယ်လ်နောက်ကို ပြေးလိုက်လာတဲ့ သူက မှီတာမထူးဆန်းဘူး မလား ။

လှည့်ကြည့်လာတဲ့ မေပယ်လ်ရဲ့အပြုံးက ထူးဆန်းသောပါပဲ။

" အယ်လာ...အယ်လာမလား..''

" ဟင်းဟင်း... ကောင်လေးမင်းသိပ်တော်တာပဲ..ဟုတ်တယ် ငါက အယ်လာပဲ ''

Peculiarly System [Completed ]Where stories live. Discover now