Arc(12.4)

2.9K 356 9
                                    

ခရမ်းရောင်ပိုးဂါဝန်ရှည်နဲ့ တော်ဝင်ဆန်ဆန်အမျိုးသမီးက သူမ၏ ရှေ့မှာ ရှိနေသောလိမ္မော်ရောင်ပိုးဂါဝန်ဆင်မြန်းထားသောအမျိုးသမီးကို မမှိတ်မသုန်ကြည့်ပြီး အကဲခတ်နေသည် ။

ခရမ်းရောင်ဝတ်အမျိုးသမီးက မာဂရက်ဖြစ်ပြီး မှော်မြေခွေးမျိုးနွယ်၏ သခင်မလေးဖြစ်သည်။
သူမသည် ဝံပုလွေမျိုးနွယ်မှ ရိုစီကို ကြည့်မရပေ။
ရိုစီကလှပပြီးချစ်စရာကောင်းတဲ့အပြင် သူမထက် ၅နှစ်လောက်ငယ်သည်။

" အော် ရိုစီ နဲ့ မာဂရက် ရောက်နေတာကြာပြီလား
ဆောရီးပါဗျာ..ကျွန်တော်က ကြင်ယာတော်လောင်းလေးပြင်ဆင်နေတာမို့စောင့်နေတာ ၊ ရိုစီတို့နှစ်ယောက်နဲ့ မိတ်ဆက်ပေးချင်လို့လေ... ဟန်နီရေ လာပါအုန်း ..ရှက်မနေပါနဲ့ကွာ''

ဂျက်ဖရီက အလွန်နူးညံ့သောလေသံနဲ့ ချော့မော့ပြောဆိုနေတဲ့အတွက် ကြင်ယာတော်က ဘယ်သူများဖြစ်နေမလဲ၊ ဘယ်လောက်များလှပလို့လဲ၊ ဘယ်မျိုးနွယ်ကလဲ ဆိုတာ သူမတို့ စိတ်ဝင်စားသွားရသည်။

".....''

အသားရောင်ဘောင်းဘီရှည်အောက်က
ခြေတံရှည်တွေကို အရင်မြင်တွေ့လိုက်ရပြီး သေသပ်စွာ ဝတ်စားဆင်ယင်ထားတဲ့ အမျိုးသားငယ်ငယ်ကို သူမတို့ တွေ့မြင်လိုက်ရသည်မို့ ဘာမှ မပြောနိုင်ဘဲ ဆွံ့အငေးမောနေကြရသည်။

" ဟန်နီရေ..ဒါလင့်ရဲ့ပေါင်ပေါ်မှာလာထိုင်လေကွာ
..လာ..''

ဆိုးချင်သလောက်ဆိုး အလိုလိုက်မယ်ဆိုတဲ့ ဘဲကြီးလေသံနဲ့ ပြောလာတဲ့ ဂျက်ဖရီကြောင့် ဟန်နီဆိုပြီး ချစ်စနိုးနဲ့ အခေါ်ခံနေရတဲ့ တစ်ယောက်ကို ရိုစီနဲ့မာဂရက်က အားကျစွာ ငေးကြည့်ရင်း..

" ဒီက သခင်လေးကို ကျွန်မတို့ မမြင်ဖူးပါဘူး.. ဘယ်မျိုးနွယ်ကလဲဆိုတာ သိခွင့်ရှိမလား ''

မာဂရက်က မေးလာတဲ့ မေးခွန်းကြောင့် ဘန်က မျက်ခုံးလေးပင့်ကာ ဂျက်ဖရီကို ကြည့်လိုက်ပြီး မချိပြုံးလေးပြုံးပြလိုက်သည်။

ငါဘယ်လို ဖြေရမှာလဲ။

" သူက ကျွန်တော်တို့မျိုးနွယ်စုနဲ့အရမ်းကွဲပြားတဲ့ မျိုးနွယ်စုကဗျ ''

Peculiarly System [Completed ]Where stories live. Discover now