Arc(5.8)

5.8K 709 16
                                    

ကျန်းလင်းယွဲ့သည် ဧကရာဇ် နဲ့ ကိုယ်လုပ်တော်ကျိုးကို အချိန်ပြည့် စောင့်ကြည့်နေခဲ့သည့် အတောအတွင်း အချို့သော လျှို့ဝှက်ချက် များကို သိရှိခဲ့ရသည်။

ဥပမာ ကျိုးဝေ့ဖုန်းကမျက်မမြင်တစ်ယောက်မဟုတ်ကြောင်း ၊ ဧကရာဇ် ပိုင်ဝူရိက ကျိုးဝေ့ဖုန်းကို တကယ် ချစ်မြတ်နိုးတာဖြစ်ကြောင်း အစရှိသဖြင့်.....။

ကျိုးဝေ့ဖုန်းက တကယ်ပဲ မျက်မမြင်တစ်ယောက်ဖြစ်ခဲ့ပါတယ် ဒါကို ဘာကြောင့် အခုကျမှ အကောင်းပကတိအတိုင်းဖြစ်နေရပါသလဲ ဆိုတာကို သူမက အခုထိ အဖြေရှာမရသေးပေ။

သူမစိတ်ထဲ ကျိုးဝေ့ဖုန်းက ဖုံးကွယ်ထားသူတစ်ယောက်ဟု မြင်နေမိသည်။ ကောင်းသောဖုံးကွယ်သူတစ်ယောက်မဟုတ်ဘဲ အဆိပ်ပြင်းတဲ့ သူလိုမျိုး ။
ဒါကြောင့်မို့ သူမက နဂါးမှန်းသိအောင် ကျိုးဝေ့ဖုန်းကို အမောက်ထောင်ပြခဲ့တာဖြစ်သည်။

သူမချစ်ရတဲ့ ဧကရာဇ်က သူမကို ရှိတယ်ဆိုတာ သတိထားမိပုံမရပေ ။
သို့သော် သူမအနေနဲ့ မနာလိုမဖြစ်မိ။
ဧကရာဇ် ပျော်ရင် သူမကျေနပ်သည်။
ဒါပေသည့် သူမချစ်ရတဲ့ဧကရာဇ်ကို နောက်ကျောကိုဓားနဲ့ ထိုးခံရမှာမျိုးသူမ မလိုလားပါ။

အတွေးတွေရှည်လျားလွန်းလို့ သူမငှဲ့ထားတဲ့ ရေနွေးကြမ်းက အေးစက်နေလေပြီ။

သက်ပြင်းမောတစ်ခုချရင်း အေးစက်တဲ့ ရေနွေးကြမ်းကိုမော့သောက်လိုက်သည် ။

ထို့နောက် ပြည့်ခါနီးဆဲဆဲ လဝန်းကြီးအား ငေးကြည့်ရင်း ခပ်ရေးရေးပဲ ပြုံးလိုက်သည် ။

"တစ်ခါတစ်လေ ဘဝကြီးက ကျေနပ်စရာမကောင်းပါလား ''

.............................

ရက်သတ္တပတ်ကြာပြီးနောက် ပိုင်ဝူရိ၏ စိတ်ထဲက ပူပန်စရာတစ်ခုက အလုံးအရင်း ကြီးထွားလာသည်။

မိစ္ဆာဂိုဏ်းရဲ့ အရှင်သခင်က သူ့အား စိန်ခေါ်လာခဲ့ပြီ ။ သူဘယ်လိုများ ဖြေရှင်းရပါ့မလဲ ။

မိစ္ဆာသခင်က လျှို့ဝှက်လွန်းတာမို့ စစ်သည်အင်အားဘယ်လောက်ရှိနေမလဲ သူမခန့်မှန်းတတ်ပေ။

Peculiarly System [Completed ]Where stories live. Discover now