Arc(11.4)

2.8K 404 38
                                    

ဧည့်သည်ဆောင်မှာ ထိုင်နေကြသော ဂုဏ်သရေရှိ လူကြီးလူကောင်းတွေကြားမှာ ရှောင်းကျန့်လေး ပျော်မနေပါ။

လူရှေ့မရှောင် သူရှေ့မရှောင်ပြုံးပြုံးကြီးကြည့်နေတဲ့ စဝ်ခွန်စိုင်းကတစ်မျိုး၊ မီးဝင်းဝင်းတောက်မျက်လုံးနဲ့ အမဲဖြတ်တော့မလိုကြည့်နေသော စဝ်ခွန်ချိုင်က တစ်မျိုး ၊ အကဲခတ်သလိုကြည့်ကာ မျက်လုံးသေနဲ့ ငြိမ်နေသော စိုင်းခမ်းက တစ်မျိုး..အင်း ..ပေါင်းလိုက်တော့ ၃မျိုးပေါ့။

" စောမင်းလတ် ''

" ဟုတ်ကဲ့ မယ်မယ်ကြီး ''

အနေခက်စွာ အလုပ်လုပ်နေရင်းမှ မယ်မယ်ကြီးကို ရှောင်းကျန့်က ပြန်ထူးလိုက်သည်။ မယ်မယ်ကြီး နံဘေးမှာ ထိုင်နေတဲ့ နန်းခမ်းကလျာကတော့ တစ်ခုခု ကပ်ပြောနေပုံပင်။

မယ်မယ်ကြီးကလည်း နန်းခမ်းကလျာနဲ့ စကားပြောပြီးမှ စောမင်းလတ်ဘက် လှည့်လာသည်။

" မင်း..အိမ်နောက်ဖေးမှာ လုပ်စရာရှိသေးတယ် မလား ''

" ဟုတ်ကဲ့... အခုသွားလုပ်.. ''

အပျော်လွန်သွားသော ရှောင်းကျန့်လေးက ထ.က လုမတတ်ပြုံးရွှင်စွာဖြေလိုက်ပေမယ့် စကားတို့သည်ကား အဆုံးမသတ်လိုက်ရပေ။

" နေပါ..နေပါ.. ငလှိုင်ကို ခိုင်းလိုက်မယ်..သခင်လေး စိုင်းခမ်းကို မင်းက အဖော်လုပ်ပေးလိုက်ပါ''

မယ်မယ်ကြီးက အလွန်ပင် စိုင်းခမ်းကို ပ,စားပေးနေတာမို့ ရှောင်းကျန့်လေး ခိုးပြုံးလိုက်သည်။
စိုင်းခမ်းက အာဏာအရမ်းကြီးပုံပင်။

" ဟုတ်ကဲ့.. မယ်မယ်ကြီး ''

စိုင်းခမ်းရဲ့ ပါးစပ်ကတစ်ဖက်ရွဲ့သွားတာကို နန်းခမ်းကလျာမြင်တော့ ပြုံးလိုက်မိ၏။

ငါ့မောင်လေးပြုံးတာကလည်း မသိရင် မဒိမ်းကျင့်တော့မယ့်လူယုတ်မာအတိုင်းပဲ။

" သခင်လေးစိုင်းခမ်း... ကျွန်တော်နဲ့အတူ လျှောက်ပြီး ကြည့်ချင်လား ''

စိုင်းခမ်းက ခပ်တည်တည်နဲ့ ထ.ရပ်ကာ စောမင်းလတ်နဲ့အတူ ထွက်လာခဲ့သည်။

Peculiarly System [Completed ]Where stories live. Discover now