Arc(11.1) Saw Minn Latt

3.7K 394 18
                                    

ဒီကမ္ဘာရဲ့ အဓိက ဇာတ်လိုက်က စဝ်ခွန်ချိုင်ဖြစ်သည်။ သူသည် မင်းမျိုးနွယ်စော်ဘွားလောင်းဖြစ်ပြီး အလွန်ထက်မြက်သော သခင်လေးဖြစ်သည်။ ဇာတ်လိုက်မက နန်းခေမာဖြစ်ပြီး စဝ်ခွန်ချိုင်၏ ဒေဝီလောင်း ဖြစ်သည်။
သူမသည် ဉာဏ်ပညာထက်မြက်ကာ ဟော်နန်းစော်ဘွားတစ်ဦး၏ သမီးအချောလေးဖြစ်သည်။
မိဘချင်းသဘောတူပြီး လက်ထပ်ခဲ့ကြပေမယ့် တစ်ယောက်နဲ့တစ်ယောက်က အိမ်တွင်းစစ်မက်တွေအမြဲဖြစ်ပွားနေခဲ့ကြသည်။(လင်မယားပြဿနာ)
တစ်ယောက်နဲ့တစ်ယောက် ဆရာအလုပ်မခံ အကြောမခံတဲ့ သူတို့က နောက်ဆုံးတော့ ချစ်ကျွမ်းဝင်ပြီး ဟက်ပီးအန်းဒင်း တယ်ပေါ့လေ။

ရှောင်းကျန့်က စဉ်းစားမိသည် ။ ဒီဇာတ်လမ်းက အရမ်းရိုးရှင်းတာပဲပေါ့လေ။

ဒါပေမယ့် kitty ပြောသွားတဲ့ အထဲမှာ သူအခုရောက်နေတဲ့ ဇာတ်ကောင်အကြောင်းနဲ့ သူ့လက်ချက်ကြောင့် အိပ်မက်ကမ္ဘာမှာ အလည်သွားနေတဲ့ စော်ဘွားကြီးရဲ့အကြောင်းကိုမပြောသွားဘူး။

" Kitty ငါကဘယ်သူလဲ ''

" ခဏလေး..မှတ်ဉာဏ်ထဲမှာပြန်ကြည့်လိုက်ပါ ထည့်သွင်းပေးလိုက်ပါ့မယ် ''

မကြာခင်မှာပဲ ခေါင်းထဲမှာ မြင်ယောင်လာသည့် ပုံရိပ်တွေမှတ်ဉာဏ်တွေကြောင့် ရှောင်းကျန့်က သက်ပြင်းချမိတော့သည်။

အခု လက်ရှိရောက်နေတဲ့ ခန္ဓာကိုယ်ပိုင်ရှင်ရဲ့ နာမည်က စောမင်းလတ် ။
စောမင်းလတ်က စော်ဘွားကြီးအိမ်မှာ ခြံဝန်းသန့်ရှင်းရေးနဲ့ ဥယျာဉ်စိုက်ပျိုးစသ​ဖြင့် လုပ်ရတဲ့ ဦးစောမြင့်ရဲ့ သားလေးဖြစ်သည်။ ဦးစောမြင့်က ချောင်းဆိုးရင်ကျပ်ဖြစ်လို့ ပင်ပန်းလို့ဆိုပြီး ဘီးမည်းတွေကို မှီဝဲလေ့ရှိသည်။
ဦးစောမြင့်က ချောင်းဆိုးရင်းနဲ့အသက်ထွက်သွားတော့ စောမင်းလတ်က ၁၆နှစ် ပဲရှိသေးသည်။
စောမင်းလတ်၏ ပြေပြစ်လှပမှုကြောင့် စော်ဘွားကြီး၏ သားကြီးက နှစ်သက်ကာ မြောက်စားခဲ့သည်။

စောမင်းလတ်၏ ဘဝက စော်ဘွားကြီး၏ သားကြီးထံမှာပဲ ရင်းနှီးမြုပ်နှံခဲ့ရသည်။

စော်ဘွားကြီးမှာ သားနှစ်ယောက်ရှိပြီး သားအငယ်က ဇာတ်လိုက်ဖြစ်ကာ ကျန်တစ်ယောက်က ရှောင်းကျန့်ရဲ့ပယောဂကြောင့် အိပ်ပျော်နေသော စော်ဘွားကြီးဖြစ်သည်။

Peculiarly System [Completed ]Onde histórias criam vida. Descubra agora