Arc(12.9)

2.2K 280 6
                                    

" ဘန် ၊ ဒါကဘာတွေလဲ ''

အန်ဒရူးက အခန်းထောင့်က တစ်နေရာကို လက်ညိုးထိုးကာ မေးလာတာဖြစ်သည်။

" ဟုတ်တယ် ဘန်ရဲ့အဝတ်ထုပ်လေ.. ဘန်သွားတော့မယ် ၊ ဒယ်ဒီတို့ကို အခန်းထဲလိုက်ဖို့ခေါ်ရတဲ့ အကြောင်းအရင်းက ကျေးဇူးတင်ချင်လို့ပါ ''

အန်ဒရူးနဲ့ ဂျက်ဖရီက ခေါင်းထဲမှာ ကွက်ရှင်မာ့ခ်တွေ ပြည့်နှက်သွားရသည်။

ငါတို့က  ဟီးဟီးဟီးဟားဟားဟားတွေလုပ်ကြမယ် ထင်ထားတာ။

ကျေးဇူးတင်ဖို့အတွက်နဲ့များ ငါတို့ကို အခန်းထဲကို ခေါ်လာနေတယ်။

ငါတို့က ခြေအညောင်းခံပြီး ဒီအခန်းထဲကို လိုက်လာခဲ့ရတာလေ ၊ ဒါကို ကျေးဇူးတင်းရုံလေးတဲ့လား။

" ကျေးဇူးတင်မလို့ ဟုတ်လား ''

နှစ်ယောက်စလုံး၏ စကားသည် တညီတညွတ်ထဲ ပြောထွက်လာခဲ့တာမို့ ဘန်ဆိုသည်မှာလည်း ခေါင်းလေးကို စက်တပ်ထားသည့်အလား တဆတ်ဆတ်ညိတ်ပြလာသည်။

အန်ဒရူးနဲ့ ဂျက်ဖရီက တစ်ယောက်နဲ့တစ်ယောက် အဓိပ္ပာယ်ရှိတဲ့ အကြည့်တွေနဲ့ ကြည့်လိုက်ပြီးနောက် ဘန့်ကိုလှည့်ကြည့်လိုက်သည်။

ထို့နောက်သူတို့နှစ်ဦး၏ နူတ်မှ ပြောထွက်သွားသည့် စကားသည်ကား...

" ကျေးဇူးတင်မှာဆိုရင် ကုတင်ပေါ်တက်ရအောင်''

သူတို့နှစ်ဦးရဲ့စကားသည် ဘန့်ကို မျက်လုံးတွေပြူးကျယ်သွားရသည်အထိပင်။

*သောက်ကျိုးနည်းဟေ့၊ အတော်ကြီးကို စိတ်အားတွေထက်သန်နေကြတာပဲနော် ၊ ဒီကိစ္စကို မလုပ်ရရင် သူတို့တွေသေရပါလိမ့်လို့များ အတွေးမည်းကြီးတွေးထားကြလေသလား။*

လို့ ရှောင်းကျန့်လေးက တွေးရင်း မျက်နှာတည်တင်းကာ ထိုနှစ်ယောက်ကို ကြည့်ပြီး မေးလိုက်သည် ။

" ဘယ်လို? ဘယ်လိုပြောလိုက်တာလဲ ''

" ဟုတ်တယ်လေ.. ကျေးဇူးတင်တယ်ဆိုတာ အမှတ်တရလေးတွေနဲ့မှ ကောင်းတာ.. နော် ဂျက်ဖရီ ''

ဘန်ရဲ့မေးခွန်းကို ဖြေလာသူက အန်ဒရူးဖြစ်ပြီး ဂျက်ဖရီကိုပင် အဖော်ညှိနေလေသေးသည်။

Peculiarly System [Completed ]Where stories live. Discover now