Arc(10.12)End

3.6K 375 16
                                    

" ဂိုဏ်းချုပ် ''

" ပြောပါ..အစ်ကိုသောင် ''

သောင်ချူယွဲ့က ဘေးနားကနေ ခေါင်းငုံ့ကာရပ်နေသော ဟွမ်ကျောင်းကျောင်း အား တစ်ချက်ကြည့်လိုက်ပြီး ဆက်ပြောလာသည်။

" ကျွန်တော်နဲ့ ကျောင်းကျောင်းကို လက်ထပ်ပေးပါ ''

" ဘယ်တော့လက်ထပ်မလဲ ''

" ဂိုဏ်းချုပ် စီစဉ်ပေးတဲ့အချိန်ပေါ့ ''

" ဒါဆို ဒီနေ့ညနေပဲ ပွဲကျင်းပမယ် ''

" ဟမ်...''

သောင်ချူယွဲ့ နဲ့ ဟွမ်ကျောင်းကျောင်း : : : 'မင်္ဂလာပွဲက အရမ်းမြန်မနေဘူးလား ။'

.........................

ဇာတ်လိုက်တို့၏ မင်္ဂလာပွဲကို ဂိုဏ်းချုပ်ရှောင်းကျန့်၏ အလျင်စလို ကျင်းပပေးမှုကြောင့် ဂိုဏ်းသားတွေမှာအံ့သြနေရသည်။

" မမ... ပျော်နေတာလား ''

" ပျော်တာပေါ့... ဂိုဏ်းချုပ်ရယ် ''

ဟွမ်ကျောင်းကျောင်းက ရှောင်းကျန့်ဆင်ပေးသော အနီရောင်ဝတ်ရုံနဲ့ သူမ၏ ကြည့်ကောင်းလှပသော မျက်နှာလေးကြောင့် နတ်သမီးလေးလိုပင်ဖြစ်နေသည်။

" အစ်ကိုသောင်က စောင့်နေလောက်ပြီ..လာ..လာ ကျန့်ကျန့်လက်ကိုတွဲ.. ပွဲခန်းမထဲကို ဝင်ကြရအောင်''

".........''

ဟွမ်ကျောင်းကျောင်း၏ ရင်ဘတ်ထဲမှာပြောနေသော ကျေးဇူးတင်စကားများစွာကို ရှောင်းကျန့်က ကြားနေရသည်။

" မမ ...အရမ်းလှတယ် ''

" ဂိုဏ်းချုပ်က စနောက်ပြန်ပြီ ''

" တကယ်ပြောတာ... မမရဲ့ ''

ရှောင်းကျန့်က မင်္ဂလာပွဲခန်းမဆီကို သတို့သမီးအား တွဲကာ ခေါ်လာခဲ့သည်။
ပြီးနောက် သူသည်လည်း ဝမ်ရိပေါ်အနားမှာ သွားထိုင်လိုက်သည် ။

" အစ်ကိုဝမ်...ဘာလို့အရမ်းသောက်နေတာလဲ..''

" ကျန့်ကျန့်ကိုစားချင်လို့ ..အေ့..''

" သောက်ကျိုးနည်း! ! !''

အမူးသမားကို ကြည့်ကာ ရှောင်းကျန့်လေးစိတ်ဆင်းရဲစွာရေရွတ်လိုက်ခြင်းဖြစ်သည်။
........................

Peculiarly System [Completed ]Where stories live. Discover now