Arc(13.9)

1.6K 202 4
                                    

ခရစ်စတန်က ဂျက်စီကာနဲ့ လည်ပတ်ပြီး တစ်ယောက်နဲ့တစ်ယောက် အတော်ပင် ရင်းနှီးသွားခဲ့ပြီ။

ငယ်ပေါင်းကြီးဖော် မိတ်ဆွေသူငယ်ချင်းလိုမျိုး။

" နေ့လည်စာစားချိန် ရောက်ပြီ ၊ မင်းဘာစားချင်လဲ ဂျက်စီကာ ''

" နင်ရော ဘာစားချင်လဲ ''

အခေါ်အဝေါ်တွေကစ ရင်းနှီးမှုကိုဖော်ပြနေလေသည်။

" ဒီလိုလုပ်လေ ၊ ငါတို့အိမ်မှာသွားစားကြမယ်လေ ''

" အဲ့ဒီအကြံကောင်းတယ် ''

သူမတို့နှစ်ဦးသည် ကားပေါ်ကမဆင်းဘဲ ကားပတ်မောင်းရင်း ဒိတ်နေကြတဲ့သဘောမျိုးသာ။

ရုတ်တရက် ကားဘရိတ်ကိုဆောင့်နင်းလိုက်သော ခရစ်စတန်ကြောင့် သူမလည်း အလန့်တကြား မျက်စိစုံမှိတ်ထားလိုက်သည်။

ဒေါက်.. ဒေါက်

ကားမှန်ခေါက်သံကြောင့် သူမရဲ့ မျက်လုံးလေးတွေဟာ ဖျက်ခနဲပွင့်လာပြီး ဆတ်ခနဲ လှည့်ကြည့်လိုက်သည်။

ကားမှန်တံခါးကို လက်ဆစ်လေးနဲ့ ခေါက်နေသော စတိဗ်က သူမကို စူးစူးဝါးဝါး ကြည့်နေသေးသည်။

" ဟင်..စတိဗ် ''

" ဂျက်စီကာ မင်းအဆင်ပြေလား ဆောရီးနော် ငါလန့်ပြီး ဘရိတ်ဆောင့်မိ.. ''

ဂျက်စီကာကို ကြည့်လိုက်တဲ့အချိန်မှာ ခရစ်စတန်က စကားတွေရပ်တန့်သွားရသည်။

" ခရစ်စတန် ၊ စတိဗ်ကို ဘယ်လိုလုပ်ကြမလဲ ''

" ....အသာနေ ၊ နင်သူ့ကို သဘောကျလား''

" မကြိုက်ဘူး မချစ်ဘူး ''

" အဲ့တာဆို နင်ဒီကားထဲမှာနေခဲ့ ၊ ငါကြည့်ရှင်းမယ်''

" ဟဲ့..နင်ဖြစ်ပါ့မလား ''

"...''

ခရစ်စတန်က မျက်စိတစ်ဖက်မှိတ်ပြကာ ခပ်ဆိုးဆိုးစရိုက်ဆန်သော ကောင်လေးအသွင်နဲ့ ကားပေါ်ကနေ ဆင်းသွားသည်။

လူကြီးလူကောင်ဆန်ဆန်ဝတ်ဆင်ထားတဲ့ ကုတ်ကိုချွတ်ကာ လက်မှာကိုင်ထားရင်း Necktie ကိုအနည်းငယ်လျော့ကာ အတွင်းအင်ကျီ ကြယ်သီးတစ်လုံးကိုဖြုတ်သည်။

Peculiarly System [Completed ]Where stories live. Discover now