Arc(10.4)

3.1K 382 12
                                    

ဝမ်ရိပေါ်က မျက်လုံးထဲမှာ သောင်ချူယွဲကို အတော် ဆံပင်မွှေးစူးနေပြီဖြစ်သည်။

ရှောင်းကျန့်ဆိုတဲ့ကောင်လေးကို ဘာ့ကြောင့် သူက သဝန်တိုနေမိပါလိမ့်။

တနုံ့နုံ့နဲ့ ခံစားရခက်လှသည့် ရင်တွင်းဝေဒနာကြောင့် ဝက်ဆားနယ်ခြောက်နဲ့ ရေနွေကိုအမြန်စားပြီး ကောက်ရိုးဖျာပေါ် တစ်ဖန်လဲလျောင်းပစ်လိုက်သည်။

အိပ်ပျော်ဖို့ ကြိုးစားနေသော်လည်း တဆာဆာထွက်ပေါ်နေသော အကောင်ပေါက်လေးရဲ့အသံက တမင်တကာ အနှောက်အယှက်ပေးနေသလိုပင်။

တဖြည်းဖြည်းနဲ့ ညသည်တိတ်ဆိတ်စပြုလာပြီး ဟိုတစ်စုဒီတစ်စု အဖွဲ့သားများ၏ ဟောက်သံလေးတွေက ထွက်ပြူလာသည်။

အေးစက်နေသောလေညှင်းက ကျောက်ဂူထဲကိုအလုအယက်တိုးဝင်လာစဉ် ဝမ်ရိပေါ်ရဲ့ လောလောလတ်လတ် ခြေပြတ်လက်ပြတ်ဒဏ်ရာတွေက တဆစ်ဆစ်ကိုက်ခဲလာသည်။

" အာ့..ကျွတ် ကျွတ် ''

ဝမ်ရိပေါ်၏ ညည်းညူသံက သန်းခေါင်ယံအချိန်မှာ အထိန်းအကွပ်မဲ့စွာ တိုးလျလျထွက်လာသည် မို့ ရှောင်းကျန့်ကမျက်လုံးလေးကို ပွတ်ပြီး လှမ်းကြည့်လိုက်သည်။

'ဒီအချိန်မှာ ငါက ဝမ်ရိပေါ်ကို ဖက်ပြီး နမ်းလိုက်ရင် ဒုက္ခိတကိုတောင်မရှောင်တဲ့ ငှက်နှာဘူးလေးဆိုပြီး အထင်ခံရနိုင်မလား kitty '

' သိပ်မှန်တာပေါ့ဗျာ '

' သူမလား..ဟုတ်တယ်မလား '

' ကျွန်တော့်အထင်ကတော့ သူပဲ Host'

' ဒါပေမယ့် ကြည့်အုန်း ငါ့ချစ်သူလေးက ကိုယ်လက်အင်္ဂါ မစုံလင်ဘူးဖြစ်နေတယ် အဟီး..သနားပါတယ် '

' မသိလို့နော် Host အခုက ရယ်တာလား ငိုတာလား '

' ပျော်နေတာဟေ့..သိပြီလား '

ရှောင်းကျန့်က Kitty ကို ရွဲ့ပြောလိုက်သည်။

သူက ဝမ်းနည်းပြီးငိုနေတာလေ.. ဒါကို အလိုက်ကမ်းဆိုးနားမလည်တဲ့ Kitty က တစ်မျိုး ။

'Kitty ငါ စကားပြောသံတွေကြားနေရတယ် '

' အင်း ဟုတ်တယ်.. အဲ့တာက ဇာတ်လိုက်မနဲ့ သောင်ချူယွဲ့ လေ '

Peculiarly System [Completed ]Where stories live. Discover now