Arc(8.1)Adam

7.3K 593 16
                                    

" Adam အဆင်ပြေရဲ့လား ''

ဒူးထောက်ထားရက်အတိုင်းမို့ ဘယ်မှမသွားတော့ဘဲ ငြိမ်သက်ကာ ရန်သူဆိုလည်းရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်သည် ။
ဘေးကနေ ဆိုလာတဲ့ စကားသံကြောင့် ခန္ဓာကိုယ် ပိုင်ရှင်က Adam ဆိုတာ ရှောင်းကျန့် သိလိုက်ရသည်။

ဒါဆိုလာမေးနေတဲ့ သူကရော.
ဘယ်သူလဲ ။ အမှောင်ထဲမှာဖြစ်ပြီး သဲသဲကွဲကွဲမမြင်ရတာကြောင့် သေချာမသိပေမယ့် ရန်သူမဟုတ်မှန်းတော့ ဆဋ္ဌမအာရုံအရသိနေပါသည်။ ချိုသာစူးရှပြီး နွေးထွေးတဲ့ အသံက မိန်းကလေးမှန်းသူရိပ်မိသည်။

"Adam ဟုတ်တယ်မလား Adam ပြန်ပြောအုန်း ''

" Adam အဆင်ပြေရဲ့လား ''

" ဟင့်အင်း မပြေဘူး ''

သူ့အဖြေကြောင့် တစ်ဖက်က မိန်းကလေးက တစ်ခစ်ခစ်ရယ်ကာ တော်သေးတယ်ဆိုတဲ့စကားလေးကို ရေရွတ်ရင်း လက်ကမ်းပေးသည်။

ဒါဟာ သူမလက်ကိုဆွဲပြီး ထပါ ဆိုတဲ့ သဘော။

ရှောင်းကျန့်က ဘာမှ မတွေးဘဲ သူမလက်ကိုဆွဲပြီး ထရပ်လိုက်သည် ။

အချိန်ကြာမြင့်စွာ ကွေးထားတဲ့ ဒူးတွေက အခြေအနေသိပ်မကောင်းတော့ပေ။

" အာ့..ကျွတ် ကျွတ်.. ''

မနေနိုင်စွာ ညည်းတွားမိတော့ တစ်ဖက်ကမိန်းကလေးက သူမကျောပိုးခေါ်သွားရမလားလို့ လောကွတ်ပြုလာပါသည်။

" Adam နင်အဆင်ပြေတာ သေချာရဲ့လား''

"......''

" အဲ့တာကြောင့် ငါပြောပါတယ် Luna Villa ကို မသွားပါနဲ့လို့ အခုတော့ နင်လန့်နေပြီမလား..ဒါနဲ့ Robert တို့အုပ်စုကရော''

" မ..မသိဘူး..''

"...''

" ငါ့ကို အိမ်မြန်မြန်ပို့ပေးပါတော့ဟာ.''

" အေးပါ ''

မိန်းကလေးက သူနဲ့ အတော်ရင်းနှီးနေပုံရသည်။ ဒီကမ္ဘာက ဘာလဲ ။ စိတ်ဝင်စားစရာတော့ကောင်းသည်။

Luna Villa အဲ့တာကရော ဘာကြီးလဲ ။

N မြို့တော်က လမ်းတွေက သိပ်လှနေတယ်။ Christmas ပွဲတော် နီးလာလို့များလား ။ ပထမဆုံးနှင်းတွေကျပြီး ဆက်တိုက်ပဲ N မြို့တော်က နှင်းတွေဖုံးလွှမ်းနေတယ်။

Peculiarly System [Completed ]Where stories live. Discover now