Arc(2.3)

10.3K 1.2K 48
                                    

"အား ''

အော်သံ တစ်ခုကြားပြီးတဲ့နောက် ရေစိုနေသောကောင်လေးတစ်ယောက်သည်  သေတ္တာငယ်ကိုဆွဲကာ ဧကရာဇ် နန်းဆောင်ထဲမှ ဒရောသောပါး ထွက်ပြေးလေသည်။

ဟွားကျောက်ရှင်းသည် နူတ်ခမ်းကို လက်ဖြင့်ကိုင်ကာ တခွီးခွီး ကျိတ်ရယ်သည်။

ငါက အခု ကောင်လေး တစ်ယောက်ကို အကြင်နာပေးဖို့လုပ်လိုက်တာပေါ့

ကောင်လေးက ငါ့ကို တွန်းပြီး အနမ်းမခံတာပေါ့

တော်သေးတယ် ငါကိုယ်တော်က အရှက်ကွဲအကျိုးနည်းတော့မှာ ယောကျာ်းတောင်မရှောင်ဘူးဆိုပြီး

ပြုံးစစနဲ့ ဇာတ်လိုက်ကျော်ကြီးကတော့
ရေချိုးကန်ထဲမှာ အတွေးများလျက်ပင်။

..................

"အယ် ဘဝင်ရူးလေးက ဘယ်ရေပုပ်မြောင်းထဲက ထွက်လာတာလဲ ''

ယပ်တဖျတ်ဖျတ်ခတ်ကာ အနားရောက်လာပြီး နူတ်ဆက်သူက ကျင်းရင်ချင်း ပင်။

"အမ် ဒီက သခင်လေးက ဘာပြောတာလဲ ကွမ်းကွမ်းမသိပါဘူး ''

"ရူးချင်ယောင်မဆောင်ပါနဲ့တော့ ကျန်းရွှီကွမ်းရယ် ပွင့်ပွင့်လင်းလင်းပေါ့''

"ဘာကို ပြောချင်တာလဲ တကယ်ပဲ ကွမ်းကွမ်း မသိရိုးအမှန်ပါ ''

"ဟွန့် ''

ကျင်းသခင်လေးက နှာမှုတ်ကာ ရှောင်းကျန့်၏ နဖူးကိုစမ်းသည်။

"ကိုယ်လည်း မပူပါဘူး တကယ်ကြီးပဲ ပြောင်းလဲသွားတာလား ''

"ကျင်းသခင်လေး ဘာတွေပြောနေတာလဲ ''

"အာ ဘာမှ မဟုတ်ဘူး မင်းအခု စာသင်သားဆောင်သွားမလို့မဟုတ်လား သွားလေ ''

"စာသင်သားဆောင် ဘယ်နားမှာလဲ မသိလို့ ကွမ်းကွမ်း ရွာလည်နေတာပါ ကျင်းသခင်လေး လမ်းညွှန်ပေးနိုင်မလား ''

"အိုး ရှုပ်ရှုပ်ယှက်ယှက် ''

"ကျင်းသခင်လေး လုပ်ပါနော် ပြောပြပေးပါ ''

ရင်ချင်းမှာ မျက်စိရှေ့က ဘဝင်ရူးလေးအား ကြည့်ကာ ကျပ်မပြည့်ချင်ဖြစ်လာရသည်။

Peculiarly System [Completed ]Where stories live. Discover now