Arc(3.9)

7.1K 826 29
                                    


Interview ဖြေဆိုပြီး ထွက်လာကြတဲ့
တစ်ဖက်ခန်းက Alex နဲ့ Noah ။

Jason အခုထိ အင်တာမဗျူးရသေးတာကြောင့် ဗိုက်လည်းဆာတေပြီဖြစ်သည်။ အချိန်က ၁၁နာရီ ၄၅မိနစ်။

ဟွန့်

Jason မျက်နှာလေးစူပုပ်ပုပ်ဖြစ်သွားကာနူတ်ခမ်းလေးစူသည်။

Lucas မှာ မှန်ပြတင်းကနေ မြင်နေရသည့် သူလေးအား သဘောကျကာ အသည်းတယားယားဖြင့် ကြည့်နေရသည်။

ထို့အချိန် သူ၏ Jason အနားဝင်ထိုင်လိုက်သည့် Noah ကြောင့် စိတ်တိုသွားရသည်။

"Jason အခုထိအင်တာမဗျူးရသေးတာလား နေ့လည်စာချိန်နီးနေပြီ''

"အင်း မဖြေရသေးဘူး ဗိုက်ကဆာနေပြီ ''

"ဟုတ်လား တစ်ခုခုသွားစားမလား''

"တော်ပါပြီ ကိုယ့်အလှည့်ကိုကျော်သွားခံရလိမ့်မယ် ''

"ဘယ်နှစ်ယောက်ကျန်သေးလို့လဲ ''

"မသိဘူး ဗြောက်သောက်ဘောက်သောက်ခေါ်နေတာ အစဉ်လိုက်မဟုတ်ဘူး ''

Noah က ကလေးလိုအောင့်စူစူနဲ့မိမိအား ပြောပြနေသည့် Jason ကိုပြုံးကြည့်နေမိသည်။

.....ဟယ် လိုက်ဖက်လိုက်တာ ချစ်စရာလေး

.....အေးဟယ် ဟုတ်ပါရဲ့

......သူတို့နှစ်ယောက်က ချောလိုက်တာ ဘယ်လိုလေးလဲမသိဘူး ချစ်ဖို့လည်းကောင်းသေး

......ဟုတ်ပါ့ဟယ် ငါတို့ကြည့်နေတာကြာပြီ သူတို့က မရိုးဘူးထင်နေတာ
တကယ်မရိုးဘူးပဲ

အစရှိသည့် စကားသံတွေက Swello ဝန်ထမ်းမမများ၏ တကြိတ်ကြိတ်ပြောသံဖြစ်ပြီး ထိုစကားသံများကြောင့် လူအချို့က အာရုံစိုက်လာကြသည်မို့ Jason ကနေရခက်နေသည်။
Noah ကတော့ ဒါငါ့အပိုင်ဆိုတဲ့အပြုံးကြီးနဲ့ ပတ်ဝန်းကျင်းကို တစ်ချက်အကြည့်ပို့ကာ Jason ကိုပဲပြန်ပြီးကြည့်နေတော့သည်။

Lucas သည် ထိုအခြေအနေအား ကြည့်ကာ လက်ထဲက ဖောင်တိန်လေးအား တင်းနေအောင် ကိုင်ထားလိုက်သည်။

ဖြောက် ချွတ်

ဖောင်တိန်လေးသည် သခင်၏ အားကြောင့် ကျိုးပဲ့သွားရသည်။

Peculiarly System [Completed ]Where stories live. Discover now