Arc(3.3)

8.9K 988 31
                                    

Jason သည် စာဂျပိုးဖြစ်တဲ့အလျောက်မျက်လုံးကလည်းအားနည်းလေသည်မို့
မျက်မှန်လေးကိုပင့်လို့ ဆွဲလက်စ ဝတ်စုံဒီဇိုင်းလေးကို အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခုလိုကြည့်နေသည်။

"မင်းက ပုံဆွဲတော်သားပဲ ''

".......''

ထိုလူသားက သူ့လက်ထဲက အချိုရည် နောက်တစ်ဘူးကိုကမ်းပေးရင်းပြောလာသည်။တခြားလူမဟုတ်။ ဇာတ်လိုက်ကြီးပင်ဖြစ်သည်။

"ယူလေ ''

"အော် ဟုတ် ကျေးဇူး ''

Lucas က Basketball ကစားခဲ့ပုံရသည်။
အားကစားဝတ်စုံမလဲရသေးတဲ့အပြင် ချွေးတွေလည်းထွက်နေသည်။

'အင်း Lucas ကချောပါတယ် ငါလောက်နီးပါးပဲ'

ရင်ထဲမှာ အမှတ်တွေ ကြိတ်ပေးနေလိုက်ပြီး ဖျော်ရည်ဘူးကိုဖွင့်လိုက်သည်။

ရွှစ်......

"အ ''

Gas ပါတဲ့ အချိုရည်မို့ အဖုံးဖွင့်လိုက်သည့်အချိန်မှာ မျက်နှာကို စင်သွားရသည်မို့ မျက်လုံးအမြန်မှိတ်လိုကသည်။

ထို Lucas က သဘောတကျရယ်မောလို့
လှောင်နေတာကြောင့် ဒေါသဒီဂရီက မြင့်တက်လာရသည်။

"Lucas !!!! မင်း မင်း တောက် အောက်တန်းကျလိုက်တာ ''

Jason က ဒေါသစိတ်ကိုမထိန်းချုပ်နိုင်ဘဲ
Lucas မျက်နှာကို လက်သီးနဲ့ထိုးချလိုက်သည်။ သူမြတ်နိုးရတဲ့ ဝတ်စုံပုံလေးကလည်း အခုဆိုရင် အချိုရည်တွေဖိတ်ကျနေတဲ့အကွက်တွေကြောင့် ကြည့်မကောင်းတော့ပေ။

ထိုနေကနေ အိတ်ကိုဆွဲလို့လှည့်ထွက်ခဲ့သည်။

Lucas သည် သူ့ကို ထိုးသွားသည့် ကြောင်ပေါက်လေးအားစိတ်မဆိုးနိုင်ပေ။
သူက စချင်လို့ လုပ်လိုက်တာ ဆိုပေမယ့် ကြောင်ပေါက်လေးကိုထိခိုက်သွားသည်မလား ချစ်စရာလေး မို့ ရယ်လိုက်မိတာက သူ့ကို အမျက်ဒေါသ ချောင်းချောင်းထွက်စေသတဲ့လား ။

"ဟက် လက်သံပြောင်ချက်ကတော့ ကလေးရယ် ရုပ်လေးနဲ့မှမလိုက် ''

ကွဲသွားတဲ့နူတ်ခမ်းကိုလက်နဲ့ဖွဖွကိုင်လို့
လှုပ်တုတ်တုတ်ကျောပြင်လေးကိုကြည့်ကာ တေးထားလိုက်သည်။

Peculiarly System [Completed ]Where stories live. Discover now