Arc(5.5)

6.2K 745 21
                                    

ကျိုးဝေ့ဖုန်းမှာ ချွင်စန်းရဲ့ ပုံစံကိုကြည့်ပြီး ရယ်ရမလိုငိုရမလိုဘာလုပ်ရမယ်မှန်းမသိတော့ပေ။

တကယ်ဆိုရင် အနိုင်ကျင့်ခံရသည့် လူက သူမဟုတ်ဘူးလား ဒါကို အကြီးအကျယ်နစ်နာသူကြီးလို တအီအီငိုနေသည့် ချွင်စန်းက ကျပ်မပြည့်တော့တာလား....???

"ဝေ့ဖုန်း ငါ တောင်းပန်ပါတယ် ငါ့ကို ခွင့်လွှတ်ပါ ရိုင်းပျမိပါတယ် အိမ်ရှေ့စံ ''

".....''

"ဟင့် အဲ့လိုကြီး မနေပါနဲ့ စကားပြန်ပြောပါအုန်း အီးဟီး... ''

ကျိုးဝေ့ဖုန်းက အဝတ်အစားကို သေချာပြန်ပြင်လိုက်ပြီး ထလိုက်စဉ် ကျောရိုးတစ်လျှောက်ကျဉ်ခနဲဖြစ်ကာ တစ်ခုသောနေရာလေးကလည်း အောင့်သက်သက်စပ်​ဖျဉ်းဖျဉ်းဖြစ်သွားရလေသည်။

"အာ့...ရှောင်ချွင်စန်း ငါတို့မတွေ့ကြတော့ဘဲနေရအောင် မင်းက ငါ့ရဲ့ငယ်ငယ်ကတည်းကခင်ခဲ့ရတဲ့မိတ်ဆွေ တစ်ယောက်မဟုတ်တော့ဘူး သွားတော့  မင်းသွားလို့ရပြီ ''

"ဝေ့ဖုန်း ''

"သွားတော့ လို့ ပြောနေတယ်လေ ''

"ဝေ့...''

"မခေါ်နဲ့ ထွက်သွား!!!!''

ချွင်စန်းသည် ဝေ့ဖုန်းကို စူးစူးဝါးဝါးစိုက်ကြည့်သည်။

'မင်းကို အခုတော့ လွှတ်ထားပေးမယ် တစ်နေ့ကျရင် မင်းကိုကိုယ့်အနားမှာခေါ်ထားမယ် '

ကြက်သီးထစရာ အပြုံးကြီးကို ပြုံးပြီး ထိုနေရာမှ ထွက်လာခဲ့လိုက်သည် ။

သူမအားသေးဘူး လုပ်စရာတွေအများကြီးရှိသေးတယ် ။

ချွင်စန်း၏ အကြံကိုမသိရှာသော ကျိုးဝေ့ဖုန်းက ဂုဏ်ဆာသောအပြုံးဖြင့် တစ်ဖက်မှာ ပြုံးနေခဲ့သည်။

^-^-^-^-^-^-^-^

"Kitty ငါ ပျင်းနေပြီ ''

"အဲ့တော့ ဘာစားမလဲ ''

"အင်း မင်းအလိုက်သိဆုံးပဲ ငါ့ကို ဂဏန်းချဉ်စပ်ချက်လေးယူပေးပါလား တခြား အသားဟင်းကောင်းကောင်းလေး ဝက်နံရိုးပေါင်းရောယူခဲ့ ကြက်စွပ်ပြုတ်လေးရော ငါအားပြတ်နေလို့ ဟဲဟဲ ''

Peculiarly System [Completed ]Where stories live. Discover now