Arc(10.7)

2.9K 376 8
                                    


ဝမ်ရိပေါ်က သူ့ရဲ့ပြန်ကောင်းသွားတဲ့ လက်နဲ့ခြေထောက်ကိုကြည့်ပြီး အံ့သြမှင်သက်နေမိသည်။

သူဟာ..အခုဒုက္ခိတမဟုတ်တော့ဘူး။
ကျန့်ကျန့်ကိုအပြည့်အဝချစ်လို့ရပြီ။
အဟမ်း..။

ဝမ်ရိပေါ်ကချောင်းတစ်ချက်ဟန့်ကာ ရှောင်းကျန့်ထံကို ကြည်နူးနေတဲ့ မျက်ဝန်းတွေနဲ့ လှမ်းကြည့်လိုက်သည်။

" ကျန့်....''

ကောင်လေးက အိပ်ယာပေါ်မှာ လဲလျောင်းကာ ငြိမ်သက်ပြီး အသက်ကိုမျှင်းမျှင်းသာရှုနေတာမို့ ဝမ်ရိပေါ်မှာ ငယ်ထိပ်မြွေပေါက်ခံရသလိုပင်။ကြည်နူးနေတဲ့စိတ်တွေတောင် လွင့်ပျံကုန်ပြီထင်ပါရဲ့။

" ကလေး..ဟင့်အင်း.. ကလေးဘာမှမဖြစ်ရဘူး..ကိုယ့်ကိုထားမသွားပါနဲ့ ''

ဝမ်ရိပေါ်က အရုပ်ကလေးလို စွေ့ခနဲ ပါလာသည့် ပျော့ခွေနေတဲ့ ကောင်ငယ်လေးကို ဖက်ပြီး ငိုကျွေးလေသည်။

" ကျန့်ကျန့်ရယ်.. အစ်ကို့ကို အစားသေခိုင်းပါတော့လား..ကလေးရယ် ကိုယ့်ကို တစ်ယောက်တည်းမထားခဲ့ပါနဲ့.. အဟင့်..အင့် ''

" ကျန့်ကျန့်မသေသေးပါဘူး''

တိုးဖျဖျလေးဖြေလာသည့် ကောင်ငယ်လေးကြောင့် ဝမ်ရိပေါ်မှာ အသေကောင်ကိုဖက်ငိုမိသလိုလုပ်မိတဲ့ ကိုယ့်ကိုယ်ကို အရှက်ရသွားသည်။

" ....''

" ကျန့်ကျန့်အိပ်ချင်တယ် ခဏလေးနားမလို့နော်.. အစ်ကိုဝမ်က အပြင်ထွက်ပေးပါလား''

" ကိုယ် စောင့်ပေးမယ် ကလေးအိပ်ပျော်သွားမှ ကိုယ်အပြင်ထွက်ပေးမယ်.. ''

" လမ်းအစမ်းလျှောက်ကြည့်ပါလား''

" အင်း.. ကလေးက အိပ်တော့လေ ''

နောက်ဆုံးတော့ ရှောင်းကျန့်က အိပ်ပျော်သွားတော့သည်။ စွမ်းအားတွေအများကြီးသုံးထားရသည်မို့ ခဏလေးအတွင်းမှာပဲ အိပ်ပျော်သွားတာဖြစ်သည်။

ဝမ်ရိပေါ်မှာ ကောင်ငယ်လေးကို ကြည့်ကာ ဖက်အိပ်ချင်စိတ်တွေဖြစ်နေရပေမယ့် နိုးသွားမှာစိုးရိမ်တာကြောင့် နဖူးလေးကိုသာအမြတ်တနိုးနဲ့ခိုးနမ်းလိုက်ရသည်။

Peculiarly System [Completed ]Where stories live. Discover now