Arc(7.9)

5.1K 638 31
                                    

မြို့တော်ဝန်က ဆရာရှီဇုခုဖြစ်နေမယ်ဆိုတာ ကီကိုမထင်ထားတဲ့ ကိစ္စပဲ ။

Television မှာလာနေတဲ့ မြို့တော်ဝန်လွှဲပြောင်းပွဲအခမ်းအနား Live ကို ကြည့်ရှု့ရင်း ကီကိုက တွေးနေသည်။

" ကီကို ''

".....''

" ကီကို !!''

" ဟမ် ဖေဖေ ဘာကြီးလဲ ဘာပြောမလို့လဲ ဟင် ''

" ဒီနေ့ည မြို့တော်ဝန်ကို ဂုဏ်ပြုပါတီပွဲလုပ်မှာ အဲ့တာ ဖေဖေတို့ တက်ရောက်ရမယ် ''

" အော် တက်ပေါ့ ဖေဖေရယ် ''

" သားလေးရော လိုက်ရမှာ ''

" ဗျာ ''

" အင်း အဲ့တာ မကြာခင် ဝတ်စုံရောက်မယ် သားအတွက် ဖေဖေမှာထားတာ ညကျရင် ဝတ်ဖို့ ဆေးကလည်းဆောင်ထားနော် သားက ဘယ်အချိန် Heat ဝင်မလဲမသိဘူး ယောက်ျားလေး Omega တွေက ရက်ခန့်မှန်းရခက်တယ် အခုထိသားလေးက တစ်ခါမှ Heat မဝင်ဖူးသေးတော့ ဖေဖေလည်း ရက်မတွက်ပေးတတ်သေးဘူး''

" အင်း ဒီည မဝင်ဖို့ ဆုတောင်းရတာပဲ ''

" ဆေးကဆောင်ထားလေ သတိထားတာပိုတယ်ဆိုတာမရှိပါဘူး ''

" ဟုတ်ကဲ့ ''

တစ်နေ့တာကို နူတ်ဆက်ဖို့ နေဝန်းနီနီက တောင်စွယ်မှာမေးတင်ထားသည်။

မြို့တော်ထဲက လူကုံထံတွေကလည်း ကြွကြွရွရွ ပြင်ဆင်ပြီး ကလပ်တွေ ဘားတွေသွားဖို့ အလုပ်ရှုပ်နေကြမည်။ Omega တို့၏ မိဘတွေက ဒီညမှာ သူတို့ရဲ့ လှပတဲ့ သားတွေသမီးတွေကို ပွဲထုတ်ကာ မြို့တော်ဝန်ရဲ့ ယောက္ခမဖြစ်ရဖို့ အကြိတ်အနယ် ကြိုးပမ်းကြလိမ့်မည်။

" ကီကို ''

" ဟုတ်ကဲ့ ''

" ပြီးပြီဆိုရင်သွားကြရအောင် ''

မစ္စတာဟာကူက သူ့ရဲ့ သားကို တစ်ချက်ကြည့်ရင်း ပြောလိုက်ပြီး ကားထဲကိုဝင်သည်။

.....................

" ရှီဇုခု ''

" ဗျာ ဖေဖေ ''

အံမယ် ဒါက လိမ္မာတဲ့သားလေးပေါ့လေ ။
ထုလိုက်ရမကောင်းရှိတော့မယ်။

Peculiarly System [Completed ]Where stories live. Discover now