Arc(6.4)

6.1K 742 26
                                    

'လီကျင့်ရွှမ်ဆီ ယွီရန်ကလာလည်တယ် '

လီဖုန်းကနူတ်ကနေတီးတိုးရေရွတ်လိုက်သည်။ ကားကို သစ်ပင်အောက်မှာရပ်ထားတာကြောင့် ဘယ်သူကမှ မြင်မှာမဟုတ်သော်လည်း သူကတော့ အကုန်လုံး မြင်နေရသည်။

လီဖုန်းသည်လည်း လီကျင့်ရွှမ်ဆီလာတာဖြစ်ပြီး ယွီယွမ် နဲ့ မပတ်သတ်ဖို့ ခြိမ်းခြောက်ရန် ဖြစ်သည်။

သို့သော် သူ့အစီအစဉ်က ပြောင်းလဲသွားပြီ။ သူသည် ယွီရန်နဲ့ပတ်သတ်မှုရှိနေသည်ဟု ယူဆမိသည့် လီကျင့်ရွှမ်ရဲ့အကြောင်းကို နောက်ကွယ်ကနေ တိတ်တဆိတ်ပဲ စုံစမ်းရှာဖွေတော့မည် ဖြစ်သည်။

..................

ကျောင်းပတ်ရက်မို့ ရှောင်းကျန့်က အပျင်းထူနေသည်။ ညဘက်မှာ မို့ လမင်းကတော့ မြို့ပြအလင်းရောင်တွေကြား မထင်မရှားရှိလှသည်။ ကိုယ်လက်သန့်စင်ပြီး ရေချိုးခန်းထဲက ထွက်လာချိန် မြင်လိုက်ရတာက အိပ်ယာပေါ်မှာ ဇိမ်ကျနေသော Kitty .

"Kitty မင်းလာပြီလား ''

"ရှိနေတာ ကြာပေါ့ အခုကျမှ မြင်တယ် ဆိုတော့ သခင့်ကို မျက်မှန်အကြီးကြီးတပ်ထားပေးသင့်ပြီ ''

အိပ်ယာပေါ်မှာ ဝင်မှေးနေတဲ့ Kitty က အရင်ကထက် လှလာသည်။ အဖြူနဲ့အမည်းစပ်ကြားအမွှေးတွေကလည်း ရှည်လာပြီး သိုးပေါက်ခွေးပေါက်နဲ့ပင် တူနေလေသည်။

"အူးဝါး ငါ့ရဲ့ Kitty လေး အရင်ကထက်ပိုပြီး လှလာတယ် ခွေးစုတ်ဖွားလေးကျနေတာပဲ အားယိုး အူးယားစရာလေး..''

Kitty အနားမှာ ဝင်လှဲပြီး ကိုယ်လုံးလေးကို မကာ ဗိုက်ပေါ်တင်ပြီး ပွတ်သပ်ပေးနေလိုက်သည်။

"သခင် ငါ့အမွှေးတွေကို အတင်းမပွတ်နဲ့လေ တော်ကြာနေ အမွှေးတွေက လက်အပူမိပြီး ကျွတ်ကုန်ရင် ပုံဆိုးပမ်းဆိုးဖြစ်ပြီး ငါမှန်ကြည့်တဲ့အခါ စိတ်ညစ်ရလိမ့်မယ် ''

"အံမယ် Kitty ဘယ်တုန်းက အလှကြိုက်သွားတာလဲ ''

".....''

"ဟားဟား နောက်တာပါ အာ မေ့တော့မလို့ မေးစရာရှိတယ်ဟ ဟိုလေ လီကျင့်ရွှမ်က ဘာလဲ ဆိုတာ မင်းသိထားလား ''

Peculiarly System [Completed ]Where stories live. Discover now