Arc(7.5)

5.2K 654 18
                                    

" ကီကို ဒီနေ့ ပျော်ခဲ့ပါတယ် ကျေးဇူးအများကြီးတင်ပါတယ် ဦး  ''

" ဟုတ်ပါပြီ ကီကိုလည်း အနားယူပါတော့ ဦးလည်း ပြန်တော့မယ် ''

ကားပေါ်ကနေ ဆင်းသွားတဲ့ကောင်လေးရဲ့ အရိပ်ကလေး အိမ်ထဲဝင်သွားတဲ့အထိ ဆူဇူကီ ကြည့်နေမိသည် ။

ထို့နောက် ကားလေးကို ကွေ့ထွက်ကာ မောင်းနှင်ပြီး အိမ်ကိုပြန်ခဲ့လိုက်သည်။

.
.
.
" အာဆာနို ရောက်နေတာပဲ  ''

" ဟုတ်တယ် အစ်ကို့ဆီလာတာ .. ''

အိမ်ဧည့်ခန်းထဲက ဆိုဖာမှာ ထိုင်နေတဲ့ အဖြူရောင်ရှပ်အင်ကျီနဲ့ ဘောင်းဘီစတိုင်ပန့်အနက်လေးကိုဝတ်ထားတဲ့ အာဆာနိုကနက်မှောင်နေတဲ့ဆံပင်တွေကို သေချာသိမ်းသပ်ထားသေးသည်။

" အာဆာနိုက  ကိုယ့်ဆီလာတာလား  ''

" အင်း ဟုတ်တယ် အစ်ကို ဒီနေ့ တပ်ရင်းကို ကျွန်တော်ရောက်တော့ အစ်ကိုက ကောင်လေးတစ်ယောက်နဲ့ အပြင်သွားတယ် ဆိုလို့ ''

" အာ...''

ခပ်ပြုံးပြုံးဖြစ်သွားတဲ့ အစ်ကိုရဲ့မျက်နှာကို အာဆာနိုက မြင်ဖြစ်အောင်မြင်လိုက်ပါသည် ။

တစ်ဆက်တည်းမှာပဲ ကီကို့ကို အကိုစိတ်ဝင်စားနေသလားဆိုတဲ့အတွေးက နှလုံးသားထဲ ကျဉ်စက်ထိုးထည့်နေသလိုခံစားရသည်။

" အစ်ကို ကျွန်တော့်ကို အချိန်ခဏလောက်ပေးနိုင်မလားဟင် ''

" ဘာအတွက်လဲ အာဆာနို ''

အနားမှာ ရှိတဲ့ ဆိုဖာမှာ ဝင်ထိုင်ပြီး သူ့ကို ပြုံးပြရင်း မေးခွန်းထုတ်လာတဲ့ အစ်ကို့ကို တခြားသူနဲ့ တွဲပေးဖို့ခွင့်မပြုနိုင်အောင် တွန့်တိုလှပါရဲ့။

"  ဒီတစ်ပတ်ပိတ်ရက်မှာ မိသားစုကန်တော့ပွဲရှိတယ်လေ အစ်ကိုက ကျွန်တော့်ရဲ့ သတို့သားလောင်းဆိုတော့ ဖေဖေနဲ့ မေမေတို့က တက်စေချင်တယ် ''

" ....''

" အစ်ကို ငြင်းမလို့လားဟင် ''

" ဟို... ''

" ရပါတယ် အစ်ကို ကျွန်တော်ပြန်တော့မယ် အစ်ကို့ကို အနှောက်အယှက် ပေးမိပြီ''

Peculiarly System [Completed ]Where stories live. Discover now