Arc(5.2)

6.5K 791 12
                                    


"Kitty မင်း ငါ့ဆီလာစမ်းပါအုန်း ငါ့မှာ ဘာမှမမြင်ရလို့ ဘာလုပ်ရမလဲမသိတော့ဘူး ပျင်းလိုက်တာ သေတော့မယ် ''

"သခင် ဘာလုပ်ချင်လဲ ပြောလေ ဗိုက်ရောဆာနေပြီလား ''

"အံမယ် kitty လေး လိမ္မာနေပါလား အတော်ပဲ ငါ့ကို တစ်ခုခုလုပ်ပေးပါအုန်း ဗိုက်ဆာနေပြီ ''

"ခဏစောင့်နော် သခင် ''

Kitty ထွက်သွားပြီး မကြာခင်မှာ မွှေးကြိုင်နေသည့် ဟင်းထမင်းနံ့တွေရလိုက်သည်။

"အင်း မွှေးနေတာပဲ ငါ့ Kitty လေးက တော်လိုက်တာ ''

Kitty ကတော့ ချီးကျူးခံလိုက်ရတဲ့အတွက် ပီတိဖြာဂုဏ်ဆာနေတော့သည်။

"ကဲ ပြောပါအုံး မင်းဘာလိုချင်တာလဲ''

စားသောက်ပြီး လက်သုတ်ပုဝါအဖြူလေးကို နူတ်ခမ်းနားမှာပေနေသည့် ဆီတွေကိုတို့ထိပြီး သုတ်လိုက်ရင်း Kitty အား မေးမြန်းလိုက်သည်။

"တကယ်တော့ ကျွန်တော် ဒီကမ္ဘာပြီးရင် Update မြင့်ရမှာ သခင်ရဲ့ ''

"ဟင် ဟုတ်လား အဲ့တော့ ငါဘာတွေ ကူညီရမလဲ ''

"မဟုတ်ပါဘူး မလိုဘူး ရတယ် ကျွန်တော်က ပျော်နေလို့ပါ ''

"အေးပါ မင်းရဲ့ ပျော်နေတဲ့ပုံစံလေးကို ငါမမြင်ရတာတော့ စိတ်မကောင်းဖြစ်မိတယ် ''

သက်ပြင်းလေးအသာချလို့ ညည်းညူစွာပြောလာသော သခင့်ကို Kitty ငေးကြည့်မိသည် ။

ဒီလူသားက သူ့ရဲ့ ပြိုင်ဘက်ဖြစ်ဖူးခဲ့တယ်တဲ့လား မယုံနိုင်စရာပဲ ။

"Kitty Kitty ဘာလို့ တိတ်နေတာလဲ စကားလေးပြန်ပြောပါအုန်း ''

"အာ သခင်က အရမ်းချောနေလို့ ငေးကြည့်နေတာ ''

" ဟင် ကျိုးဝေ့ဖုန်းက အရမ်းချောတာလား ငါ့ကို ပြောကြည့် သူကဘယ်လိုပုံစံလဲဆိုတာ ''

"အင်း ဟုတ်တယ် သူ့မှာ လက်ချောင်းဖြူဖြူသွယ်သွယ်လေးတွေရှိတယ် နူးညံ့ပျော့ပျောင်းပြီးကျန်းမာသန်စွမ်းတဲ့ တင်းပါးထိရှည်တဲ့ ဆံနွယ်တွေရှိတယ် နူတ်ခမ်းလေးကလည်း ပန်းရောင်ပြေပြေလေး မျက်ခုံးတန်းတန်းလေး နှာတံလုံးလုံးလေးခန္ဓာကိုယ်ကလည်း အရမ်းမိုက်တယ် အရပ်ကလည်း အရှည်ကြီးပဲ ''

Peculiarly System [Completed ]Where stories live. Discover now