Arc(7.6)

5K 626 17
                                    

" ကီကို ဟုတ်ပါတယ်နော် ''

" ဟုတ်တယ် ''

ရှေ့က Alpha ကောင်က ဝှီး ဘုတ် အင့် ဆိုပြီး ပြေးပြီး ပစ်လဲကာ အားကိုးချင်စရာကောင်းပေမယ့် ရှောင်းကျန့်ကတော့ ' နိုးပါ သားရယ်' ဆိုပြီး တာ့တာပြကာ ထွက်ခွာချင်နေရပြီ ။

" ကိုယ့်နာမည်က ''

" သိပြီးသားပါ မိတ်ဆက်မနေပါနဲ့ တစ်ခုခု မှာလေ စားပြီးရင် ပြန်ကြရအောင် သိပ်နောက်ကျလို့မကောင်းဘူးမလား  ''

" ဟမ် ''

" အာ မမှာဘူးလား ''

" မဟုတ်ဘူး မှာမယ်နော်''

Menu က အစားအသောက်တွေ ကို ကြည့်ပြီး တစ်ချို့ကိုမှာလိုက်သည်။

Alpha က ကီကိုကို ကြည့်နေပြီး စကားတော့မပြောချေ။

မကြာခင်လာချပေးတဲ့ အစားအစာတွေကို ကြည့်လိုက်သည် ။
'အစာစားရင်စကားမပြောရ'ဆိုတဲ့ စည်းကမ်း ကြောင့် သူနဲ့ ကီကိုဆိုတဲ့ကလေးက အခုထိ မယ်မယ်ရရပြောဆိုရခြင်းမရှိသေးပေ။ အစားကိုဂရုတစိုက်စားနေတဲ့ ကီကိုက အိန္ဒြေရှိလိုက်တာ ဆိုတာလေ ။

" ဟာ.. ကီကို?? ''

" အာ ..ဦး.. မင်္ဂလာပါ ''

" မင်္ဂလာပါ ဒီက ကီကိုရဲ့ သူငယ်ချင်းလား''

ဆူဇူကီက ဘယ်ကနေရောက်လာတာလဲ
မိုးပေါ်က ကျလာတာလား ။

စတင်နူတ်ဆက်ခံလိုက်ရတဲ့ Alpha က ဆူဇူကီကို သေချာကြည့်နေသည် ။

" မဟုတ်ပါဘူး ကျွန်တော်တို့က Date နေတာပါ ''

" အာ ကီကိုက Alpha တစ်ယောက်နဲ့ Date နေပြီပဲ ''

" ဟုတ်တယ် ဒါက ဖေဖေစီစဉ်ပေးတာလေ ဦးကရော ဘယ်လိုရောက်လာတာလဲ လက်တွဲဖော်နဲ့အတူလာတာလား ''

"...မဟုတ်ပါဘူး ဦးက ကီကိုကိုတွေ့လို့လာနူတ်ဆက်တာ ဒီဆိုင်က ဦး လာစားနေကျလေ ''

" အော် ဟုတ်လား ဟို ကီကိုတို့ သွားလိုက်ပါအုန်းမယ် နူတ်ဆက်ပါတယ် ''

Alpha ကောင်အနားကိုသွားကာ လက်ကို ချိတ်ပြီး ဆူဇူကီကို နူတ်ဆက်လိုက်သည် ။

Peculiarly System [Completed ]Where stories live. Discover now