Arc(3.4)

8.5K 945 10
                                    

အိပ်ယာကနိုးတာနဲ့ ပုံမှန်အလုပ်တွေလုပ်နေရင်း တစ်စုံတစ်ရာသော ထူးဆန်းမှုကို
ခံစားလိုက်ရသည်။

"ဘယ်သူလဲ ''

ရှောင်းကျန့်တစ်ယောက်  အခန်းထဲက နေရာတွေကို ကျီးကန်းတောင်းမှောက် စူးစမ်းကြည့်သည်။

"ငါက အထင်မှားနေတာလား ''

ထို့နောက်လုပ်စရာရှိတာလုပ်ပြီး အောက်ထပ်ဆင်းလာတော့ ထုံးစံအတိုင်း မာမီက မနက်စာနဲ့အဆင်သင့်စောင့်နေသည်။

"Jason လာ မာမီက lunch box ပါပြင်ထားတယ် ယူသွားနော် ''

"ဟုတ် မာမီ ''

ပြင်ဆင်ထားတဲ့ ဝက်သားပြားကြော်နဲ့ပေါင်မုန့်မီးကင် ကြက်ဥကြော်ကို
နွားနို့ပူပူတစ်ခွက်နဲ့ မြိန်ရည်ယှက်ရည်စားပြီး မာမီပါးတစ်ဖက်ကိုအာဘွားတချက်ဆုချကာ ကျောင်းသို့ ထွက်ခဲ့သည် ။

............

ရှောင်းကျန့်စဉ်းစားနေမိသည် ။

Jason ဆန္ဒက ရိုးရှင်းပါသည်။
သူရောက်လာမှ ကသောင်းကနင်းတွေဖြစ်သွားတာပင်။
ဥပမာ ဇာတ်လိုက်နှစ်ယောက်က သူ့ဆီမျက်စိလည်လမ်းမှားလာတာမျိုးပေါ့လေ။

ကျောင်းထဲက ကားရပ်နေကျနေရာလေးမှာ ကားကိုထားပြီး ထမင်းဗူးလေး ဆွဲလို့
အတန်းထဲဝင်လာခဲ့သည်။

အချိန်အားဖြင့် ၉နာရီထိုးဖို့၂၃မိနစ်လောက် လိုသေးသည်။

"ထူးဆန်းလိုက်တာ အရင်ကဆိုရင် အခုချိန်က အတန်းထဲမှာလူစုံသလောက်ရှိနေပါပြီ ဒီနေ့က ဘာကြောင့်လူမစုံသေးတာလဲ ''

နေရာမှာ ဝင်ထိုင်ပြီး Jason ရဲ့ အကျင့်အတိုင်း စာအုပ်တစ်အုပ်ထုပ်လို့ ပန်းချီရေးသည်။
ပန်းချီထက်ဒီဇိုင်းဆိုရင်ပိုမှန်လိမ့်မည်။

"Jason ''

"အော် Noah ဘယ်လိုရောက်လာတာလဲ ''

"အင်း ဒီနားကဖြတ်သွားရင်းနဲ့ မင်းတစ်ယောက်တည်း တွေ့လို့ လာခဲ့တာ အာ မင်းက ဒီဇိုင်နာ ဖြစ်ချင်တာလား ''

"အင်း ဆိုပါတော့  မင်းတို့ အတန်းထဲက ကျောင်းသူအသစ်က လှတယ်နော် ''

Peculiarly System [Completed ]Where stories live. Discover now