Arc(8.2)

4.9K 575 16
                                    

" Adam ''

"အင်း Maple လာပြီလား ထိုင်အုန်း ငါမနက်စာလုပ်နေတာ''

Maple က ပေါင်မုန့်ချပ်တွေကို ထောင်ပြရင်း ပြောလာသည့် သူငယ်ချင်းကိုကြည့်ပြီး အလှဆုံး ပြုံးသည်။

သူမ ဧည့်ခန်းမှာ ထိုင်စောင့်နေပြီးမကြာခင် Adam က ပေါင်မုန့်ချပ်ပန်းကန် ဝက်သားစဉ်းကောနဲ့ မယောနိစ်၊ လက်ဖက်ရည်နှစ်ခွက်ထည့်ထားသည့် လင်ဗန်းကိုယူကာ အနားရောက်လာသည်။

" Adam ကျေးဇူးပဲ ''

" မလိုပါဘူး ငါတို့က သူငယ်ချင်းတွေပဲ''

ကွက်ခနဲ ပျက်သွားတဲ့ ဇာတ်လိုက်မရဲ့မျက်နှာကြောင့် ရှောင်းကျန့်အနည်းငယ် ကြောင်အသွားရ၏။

'Kitty မင်းကငါထင်သလိုထင်နေတယ်မလား။'

' သိပ်ဟုတ်တာပေါ့ အစ်ကိုရှောင်း '

' ငါရွဲ့ပြောတာ မကျေနပ်လို့လေ..ဟုတ်တယ်ဟုတ် '

Kitty.. '=_='

ဇာတ်လိုက်မ..'=_='

"Adam.. နင် နောက်ထပ် Luna Villa ကိုသွားဖို့ ဆန္ဒ ရှိသေးလား''

" အင်း ရှိတယ် ''

".???.ဘာလို့လဲ နင်သေမလိုဖြစ်ခဲ့တာလေ''

Maple တကယ်အံ့သြမိတယ် ။ သူမသာ လိုက်မရှာခဲ့ဘူး ဆိုရင် Adam သေနေလောက်ပြီ။ ဒါကို Adam က ထပ်သွားချင်နေသေးတယ်။ Adam ရူးသွားတာလား။

"အင်း ငါက တကယ်တော့ အကြောက်လွန်သွားလို့ပါ..ဒီတစ်ခါတော့ ဘာမှ မဖြစ်စေရဘူး ငါယုံတယ် ''

Maple က တအံ့တသြ ကြည့်လာတာမို့ ဖြည်းဖြည်းချင်း ပြောပြလိုက်တယ်။ သူက Adam မဟုတ်ဘူးလေ။ ရှောင်းကျန့် သူက ရှောင်းကျန့် ။Adam ကြောက်တိုင်းသူကကြောက်မလား။ အဟမ်း ကူညီပေးမယ့် Kitty လေးကိုမေ့ထားပေးကြ။Okay...။

" နင်တစ်ယောက်တည်းငါစိတ်မချဘူး ငါလိုက်ချင်တယ်''

"Maple ..မဖြစ်.. ''

" မရဘူး ငါလိုက်မယ် နင်မငြင်းရဘူး''

" ပြီးရောဟာ..အဲ့တာဆိုလည်း လိုက်ခဲ့ပါ.. ဒီနေ့ညနေ၅နာရီကျော်ရင် သွားမယ် ''

" အင်း.. အင်း ''

ခေါင်းတဆတ်ဆတ်ညိတ်ကာ ပြုံးပျော်နေတဲ့ သူမက သွားရမယ့်နေရာကို ဈေးပွဲတော်များအောက်မေ့နေလေသလား..လို့ ရှောင်းကျန့်တွေးမိသည်။

Peculiarly System [Completed ]Όπου ζουν οι ιστορίες. Ανακάλυψε τώρα