Arc(9.1)Aqua

5.8K 549 15
                                    


' ဒီကမ္ဘာက ဇာတ်လိုက်က မီဂေးလ် သူက ရုပ်ရှင်သရုပ်ဆောင်ဝါရင့်မင်းသားတစ်ယောက်။ သူက ကမ်းခြေတစ်ခုကို ဇာတ်လမ်းတစ်ခုရိုက်ဖို့ ရောက်လာခဲ့တယ်။ သူက ထူးဆန်းတဲ့ဒဏ္ဍာရီလာသတ္တဝါတွေကို အယုံအကြည်မရှိဘူး ။ သူကအရမ်းချောပြီးဆွဲဆောင်မှုရှိတဲ့ပလေးဘွိုင်းတစ်ယောက်ပဲ။ သူက ဂေးမဟုတ်ပေမယ့် အဲ့ဒီ ကမ်းခြေကို ရောက်ပြီး ကောင်လေးတစ်ယောက်ကိုတွေ့ပြီးတဲ့နောက်မှာ စမ်းသပ်ကြည့်ချင်လာတယ်။ သူက အဲ့ဒီကောင်လေးသူ့ကိုသဘောကျနေတာကိုသိပြီး သူလည်း စိတ်ဝင်စားတာကြောင့် ချစ်သူအဖြစ် လက်တွဲခဲ့ကြတယ်။ ပြီးတော့ လစ်ဗင်းတူးဂဲသားနေတယ်။ ဒါပေမယ့် မီဂေးလ်အတွက်ခန္ဓာကိုယ်မှာထူးဆန်းတာတွေကကောင်လေးနဲ့အတူနေပြီးတဲ့နောက်မှာ ဖြစ်လာတယ် ။ ဥပမာ ရေအကြာကြီးငုပ်နိုင်တာမျိုး ရေထဲမှာ အသက်ရှုပြီးနေနိုင်တာမျိုးတွေပေါ့။ ဇာတ်လိုက်မက ထရီဇာ ဆိုတဲ့ သိပ္ပံပညာရှင်ပေါက်စလေး။ သူမက ဇာတ်လိုက်မီဂေးလ်နဲ့ဆန့်ကျင်ဘက်ပဲ။ သိပ္ပံပညာရှင်ဖြစ်ပေမယ့် ဒဏ္ဍာရီ သတ္တဝါတွေကို ယုံကြည်တယ် ။ သူမရဲ့ထိုအ​မြင်အတွက် အဆိုတင်သွင်းချက်ကို အကြီးအကဲတွေကပယ်ချပြီး စီနီယာတွေကလည်း လှောင်ရယ်ကြတယ်။ အဲ့ဒီမှာပဲ သူမက သက်သေပြဖို့ စိတ်အားထက်သန်စွာ ကမ်းခြေတစ်ခုပြီးတစ်ခု ရေသူမရှာဖွေဖို့ထွက်လာခဲ့တယ်။ဟုတ်တယ်။ သူမအဆိုတင်သွင်းချက်က ရေသူမဆိုတာရှိတယ်။ ရေသူမရဲ့ အမြုတေနဲ့မအိုဆေးဖော်စပ်မယ်လို့သူမက တင်သွင်းခဲ့တာ။ ဒါပေမယ့် သူမက ဇာတ်လိုက်မဖြစ်သူ မို့ ကံကောင်းတာပဲလေ။ သူမက နောက်ထပ် ကမ်းခြေတွေအများကြီးသွားပြီး မတွေ့တော့တဲ့အဆုံးလက်လျော့ဖို့ စဉ်းစားတယ်။ ဒါပေမယ့် မထင်မှတ်ဘဲ ဇာတ်လိုက်မီဂေးလ်နဲ့ အမြဲရှိနေတဲ့ ရေသူထီးလေးကိုတွေ့ရှိခဲ့ရတယ်။

သူမဟာ မီဂေးလ်ကို အကြောင်းစုံပြောပြတယ်။ မီဂေးလ်က မယုံကြည်ဘူး။ ဒါပေမယ့် သူမက လက်မလျော့ဘဲ အမျိုးမျိုးပဲ သက်သေပြတဲ့အခါမှာ တကယ်ပဲ သူတွဲနေတဲသူလေးက ရေသူထီးတစ်ယောက်ဆိုတာမှန်း မီဂေးလ်က လက်ခံလိုက်ရတော့တယ်။ သူအရမ်းထိတ်လန့်သွားခဲ့တယ်။ ကြောက်လည်းကြောက်သွားခဲ့တယ်။ အဲ့တာကလည်း သူမရဲ့ စကားတွေကြောင့်ပဲ။ နောက်ဆုံး မီဂေးလ်က သူမနဲ့ပူးပေါင်းပြီး
ရေသူထီးလေးကို စမ်းသပ်ဖို့ သဘောတူခဲ့တယ်။ နောက်ဆုံး သူတို့က ဆေးဖော်တာအောင်မြင်ပြီး နှစ်ယောက်စလုံး အသက်ရှည်ရုပ်ချောပြီးမအိုမင်းပဲနေသွားကြတယ် ဇာတ်လိုက်မက အဲ့ဒီ ဆေးနဲ့တင်သန်းကြွယ်သူဋ္ဌေးမကြီးဖြစ်သွားတယ် ''

Peculiarly System [Completed ]Where stories live. Discover now